Wednesday, January 28, 2026

သျှမ်းလွှတ်တော်ထဲ သတင်းယူရန် ခက်ခဲ

သျှမ်းပြည် လွှတ်တော်တွင် သတင်းယူသည့် သတင်းမီဒီယာသမားများ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

 

2016 ခုနစ်တွင် တောင်ကြီးသတင်းသမားများ ဆန္ဒပြပုံ

သျှမ်းပြည် လွှတ်တော် အစည်းအဝေး ခန်းမထဲတွင် သတင်းမီဒီယာသမားများ လွတ်လပ်စွာ သတင်းယူပိုင်ခွင့်မရှိကြောင်း၊ လွှတ်တာ် အစည်းအဝေး သတင်းယူမည်ဆိုပါက သက်ဆိုင်ရာအား အဆင့်ဆင့် စာတင်ပြရသည်မှာလည်း အခက်အခဲရှိနေကြောင်း တောင်ကြီး သတင်းထောက် အသင်း အလုပ်အမှုဆောင် ခွန်ရာဇာ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လွှတ်တော်ထဲကို ဝင်လို့ရတာ က MRTV, Sky Net ပဲ။ ကျန်မီဒီယာတွေ ဝင်လို့မရဘူး” ဟု ခွန်ရာဇာ ကဆိုသည်။

သျှမ်းပြည် လွှတ်တော်တွင် သတင်းယူချင်ပါက စာကြိုတင်ရကြောင်း၊ မှတ်ပုံတင် မိတ္တူ ၊ မီဒီယာ ကဒ် အပတ်တိုင်း တင်ရကြောင်း ခွန်ရာဇာက ပြောပြသည်။

“ အဝေးက သတင်းသမားတွေ စာကြိုမတင်လို့ သတင်းယူခွင့်မရခဲ့ဘူး။ နောက် လွှတ်တော် အတွင်းမှာ ဝင်လို့မရဘူး။ လွှတ်တော် အောက်ထပ်မှာ ရှိတဲ့ မီဒီယာ အခန်းထဲမှာ TV ထိုင်ကြည့်ပြီးသတင်းယူရတယ်။ ဓာတ်ပုံ ကောင်းကောင်းမရဘူး၊ ရုပ်သံရိုက်လို့ မရဘူး။ အသံ စနစ်မကောင်းဘူး” ဟု ခွန်ရာဇာ က ရှင်းပြသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည် လွှတ်တော် ဒုတိယ ဥက္ကဌ ကို ယမန်နေ့ မတ် ၁၁ ရက်တွင် ပြောပြထားကြောင်းလည်း သူက ဆက်လက်ပြောသည်။

သျှမ်းပြည် လွှတ်တော်သည် ယခင်အစိုးရလက်ထက်ကထက်ပင် သတင်းယူခွင့် ခက်ခဲကြောင်း၊ စည်းမျဉ်းစည်းကမ်း အကန့်အသတ် များစွာချထား ကြောင်း၊ လွတ်လပ်ခွင့်လည်းမရှိကြောင်း သျှမ်းပြည် သတင်းထောက် အသိုင်းအဝန်းက ပြောဆိုလိုက်သည်။

“ လွှတ်တော်က သွားတာ သွားရတာ။ လွှတ်တော်ထဲ ပေးမဝင်ဘူး။ လွှတ်တော်အောက်က TV ပဲကြည့်ရတယ်။ အသံမကောင်းဘူးလေ။ လွှတ်တော်သတင်း မရေးစေချင်တဲ့သဘောလားမသိဘူး” ဟု အမည်မဖော်လိုသည့် သတင်းထောက် တဦးက ပြောသည်။

ယခင် သမ္မတ ဦးသိန်းစိန် သက်တမ်းတွင် မီဒီယာကဒ်ပါ ပါက လွှတ်တော်အတွင်း ဝင်ရောက်သတင်းယူလို့ရကြောင်း၊ ယခု အစိုးရသက်တမ်းတွင် လွှတ်တော်အတွင်းသို့ မီဒီယာများကို ပေးမဝင်ကြောင်းလည်း သိရသည်။

လွှတ်တော်ထဲတွင် လွတ်လပ် လွယ်ကူစွာ သတင်းရယူနိုင်ရန် အတွက် ၂၀၁၆ က တောင်ကြီး အခြေစိုက် သတင်းသမားများက ဆန္ဒပြ တောင်းဆိုခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကိုဗစ် ၁၉ ကြား သျှမ်းလွှတ်တော် ယနေ့ စတင်

0
ယနေ့ ပြန်လည်ခေါ်ယူကျင်းပသည့် သျှမ်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ကို ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည့်အတိုင်းလွှတ်တော်အမတ်များ တစ်ဦးနှင့်တဉီး  ၆ ပေ အကွာ ထိုင်ပြီး အစည်းအဝေး တက်ရောက်ကြကြောင်း သိရသည်။ ယနေ့ မေလ ၁၈ ရက် တွင် စတင်ကျင်းပသည့် အထူးအစည်းအဝေး တက်ရောက်ချိန်တွင်...