သမ္မတ ကန့်သတ်ရေး ပုဒ်မ ၅၉ (စ) အပါအဝင် ခြေ/ဥ ပြင်ဆင်ရေး ဒုတိယနေ့ မအောင်မြင်

၂၀၀၈ ဖွဲ့စည်းပုံ ခြေ/ဥ ပြင်ဆင်ရေး ဒုတိယနေ့တွင် သမ္မတဖြစ်ရေး အတွက် ကန့်သတ်ထားသည့် ပုဒ်မ ၅၉ (စ) အပါဝင် ပုဒ်မ ၁၅ ခု ပြင်ဆင်ခွင့်မရခဲ့ကြောင်း သတင်းရရှိ သည်။

 

Photo by Pyidaungsu Hluttaw/ Facbook

ယနေ့ ပြည်ထောင်စု လွှတ်တော် တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခု အတွက် မဲခွဲ ဆုံးဖြတ်ရာ တခုမျှ မအောင်မြင်ခဲ့ပေ။

မဲခွဲဆုံးဖြတ်သည့် ပုဒ်မ၊ ပုဒ်မခွဲများမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် ဟန့်တားထားသည့် ပုဒ်မ ၅၉ (စ) အပြင် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ ဆိုင်ရာ ပုဒ်မများဖြစ်ခဲ့ပြီး တခုမျှ ပြင်ဆင်ရေးအတွက် မအောင်မြင်ခဲ့ကြောင်းသိရသည်။

ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၆၃၅ ဦး တက်ရောက်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မများ ပြင်ဆင်ရာတွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရန် လိုအပ်သည်။

ယမန်နေ့(မတ် ၁၀) ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ၊ ပုဒ်မခွဲ ဖြစ်သည့် တပ်မတော် အခန်းကဏ္ဍများကို မဲခွဲဆုံးဖြတ်ရာတွင် အောင်မြင်မှု မရရှိခဲ့ပေ။

ယမန်နေ့တွင် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ခု မဲခွဲဆုံးဖြတ်ရာတွင် ၂ ခုသာ အနိုင်ရခဲ့ပြီး အဆိုပါ ၂ခုမှာ ပုဒ်မ ၃၂(က) နှင့် ပုဒ်မ ၃၂ (ခ) တွင်ရှိသော “ အိုမင်းမစွမ်း” စာသား အစား “ သက်ကြီးရွယ်အို” အစားထိုးခြင်း၊ “မသန်မစွမ်း”အစား “ မသန်စွမ်း” ဟုအစားထိုးခြင်း တို့သာဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တပ်ကဏ္ဍ ခြေ/ ဥ ပြင်ဆင်ရေး မအောင်မြင်

0
ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ မတ်လ ၁၀ ရက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ၊ ပုဒ်မ ခွဲ ၁၄ ခုအတွက်မဲခွဲရာ ၁၂ ခု ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင်...

၅၉ (စ) တွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်း/ပြည်နယ် ဝန်ကြီးချုပ် များအတွက်ပါထည့်သွင်းရန် တပ်မတော်ကိုယ်စားလှယ်တင်သွင်း

0
မြန်မာနိုင်ငံတော် သမ္မတ အရည် အချင်း ကန့်သက်ထားသည့် ၅၉ (စ) ပါပြဌာန်းချက်များကို ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့ တွင် တပ်မတော်သား ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ အရည်အချင်းများ နှင့် သက်ဆိုင်သည့် အခြေခံ...