တပ်ကဏ္ဍ ခြေ/ ဥ ပြင်ဆင်ရေး မအောင်မြင်

ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ မတ်လ ၁၀ ရက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ၊ ပုဒ်မ ခွဲ ၁၄ ခုအတွက်မဲခွဲရာ ၁၂ ခု ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။

Photo by PyidaungSu Hluttaw/ Facebook

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် ရှုံးနိမ့်ခဲ့သည့် ပုဒ်မ များမှာ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်ပါဝင် ထမ်းဆောင်ရေးတို့ကို အစဉ်တစိုက် ဦးတည် သည့် ပုဒ်မ ၆ (စ)၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့ အားလုံး၏ အကြီး အကဲ ဖြစ်သည်ဆိုသည့် ပုဒ်မ ၂၀(ဂ) တို့ဖြစ်သည်။

အရေးပေါ် ကာလတွင် တပ်မတော် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့၏ ဦးဆောင်မှု အခန်းကဏ္ဍ တို့အား ပယ်ဖျက်ကာ သမ္မတ က ဦးဆောင်ရန် ပြင်ဆင်ချက် ပုဒ်မ ၄၀ (ခ)၊ ပုဒ်မ ၄၀ (ဂ) အဆိုလည်း ရှုံးနိမ့်ခဲ့သည်။

ထို့ပြင် လွှတ်တော်များအတွင်း တပ်မတော် က ၂၅ ရာခိုင်နှုန်း ရယူထားသည့် အချက်အား နောင်လွှတ်တော်သက်တမ်းများအလိုက် အဆင့်ဆင့် လျှော့ချရန် ပုဒ်မ ၁၄ လည်း အနိုင်မရခဲ့ပေ။

Photo by Pyidaungsu Hluttaw/ Facbook

“ နိုင်ငံတော်အား ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” ဆိုသည့် ပုဒ်မ ၈ ပြဌာန်းချက် တွင် “ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ် ” အဖြစ် ပြင်ဆင်ချက် အဆိုလည်း မအောင်မြင်ခဲ့ပေ။

ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲထည့်သူ လွှတ်တော်ကိုယ်စားလှယ် ၆၃၃ ဦးရှိရာ ပျက်ကွက်သူ ၂၁ ဦးရှိပြီး တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး တက်ရောက်ခဲ့သည်။

အဆိုပါ ပုဒ်မ ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ အနိုင်ရရှိမည်။

ပြင်ဆင်ရန် အနိုင်ရခဲ့သည့် ပုဒ်မ ၂ခုမှာ “ အိုမင်းမစွမ်း” စာသား အစား “ သက်ကြီး ရွယ်အို” အစားထိုးခြင်း ၊ “ မသန်မစွမ်း” အစား “ မသန်စွမ်း” အစားထိုး သည့် ပုဒ်မ ၃၂(က) နှင့် ပုဒ်မ ၃၂(ခ) တို့ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သမ္မတ ကန့်သတ်ရေး ပုဒ်မ ၅၉ (စ) အပါအဝင် ခြေ/ဥ ပြင်ဆင်ရေး ဒုတိယနေ့ မအောင်မြင်

0
၂၀၀၈ ဖွဲ့စည်းပုံ ခြေ/ဥ ပြင်ဆင်ရေး ဒုတိယနေ့တွင် သမ္မတဖြစ်ရေး အတွက် ကန့်သတ်ထားသည့် ပုဒ်မ ၅၉ (စ) အပါဝင် ပုဒ်မ ၁၅ ခု ပြင်ဆင်ခွင့်မရခဲ့ကြောင်း သတင်းရရှိ သည်။   ယနေ့ ပြည်ထောင်စု လွှတ်တော် တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ...