Wednesday, January 28, 2026

၂၀၂၀ နှစ်ဆန်းပိုင်းတွင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဆွေးနွေး

စက်တင်ဘာလ ၁၀ ရက်နေ့က NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ NCA-S EAO နဲ့အစိုးရကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေးရာမှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအပါအဝင် အချက်အလက်အများအပြားကို ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။သို့ပေမယ့် ၂ ဦး ၂ ဖွဲ့ဟာ အထက်ကိုအသီးသီးပြန်လည်တင်ပြဆွေးနွေးရမှာဖြစ်တာကြောင့် ဆုံးဖြတ်ချက်လုပ်တဲ့အနေ အထား မရှိသေးဘူးလို့ ဆွေးနွေးရေးမှာ တိုင်းရင်းသားဘက်က အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းကပြောပါတယ်။ အသေးစိပ်သိရအောင် သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းယွက်ခမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

Photo Credit to Hla Maung Shwe- စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်သော NCA-S EAO နဲ့ အစိုးရကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ မင်္ဂလာပါခင်ဗျ ။ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ NCA-S EAO နဲ့ အစိုးရကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီးနဲနဲပြောပြပေးလို့ရမလားခင်ဗျ။

ဖြေ။ ။ စက်တင်ဘာလ ၁၀ ရက်နေ့က NCA-S EAO ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ နဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။ ကျနော်တို့ဘက်က ၁၅ ယောက်ပါ။ အစိုးရဘက်ကတော့ ၁၀ ယောက်ပါ။ ကျနော်တို့ ရန်ကုန်မြို့ NRPC ရုံးမှာ တွေ့ဆုံကြတာဖြစ်ပါတယ်။

မေး။ ။ ဆွေးနွေးပွဲမှာ ၂၁ ရာစုပင်လုံညီလာခံ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ အတွက်ရော ဘယ်လိုထူးခြားချက်တွေရသလဲခင်ဗျ။

Photo Credit to Hla Maung Shwe- တွေ့ဆုံဆွေးနွေးပွဲတွင် တွေ့ရသော NCA-S EAO ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း

ဖြေ။ ။ ပြောမယ်ဆိုရင်ကျနော်တို့က ညှိနှိုင်းရေးအဖွဲ့ဘဲလေနော် ။ အစိုးရကိုယ်စားလှယ်အဖွဲ့ကလည်း ညှိနှိုင်းရေးအဖွဲ့ဘဲဆိုတော့ ဆုံးဖြတ်ပိုင်ခွင့်အာဏာမရှိကြဘူးလေ။ အဲလို ညှိနှိုင်းကြတော့ အစိုးရဘက် ကကြည့်ရင်လည်း ၂၁ ရာစု ပင်လုံညီလာခံကို သူတို့လည်းလုပ်ချင်တယ်။ ကျနော်တို့ဘက်ကလည်း လုပ်ချင်တယ်ဆိုတော့ ဘယ်ချိန်မှာလုပ်ရင်သင့်တော်မလဲလို့ အချိန်ပြန်ကြည့်တဲ့အခါကျတော့ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ဖြစ်နိုင်ဖွယ်ရှိတယ်အဲလိုအကြမ်းဖျဉ်းဘဲ ရပါတယ်။ ၂ ဖက်လုံးက ဒါကိုယူပြီးတော့အသီးသီး ဦးဆောင်အဖွဲ့ဆီကိုပြန်သွားဆွေးနွေးရပါမယ်။ ကျနော်တို့ဆိုရင်လည်း ထိပ်သီးခေါင်းဆောင် PPST ဆီကိုပြန်ယူလာရမယ်လေ။ အစိုးရဘက်ကလည်း ခေါင်းဆောင်ပိုင်းကို ပြန်သွားဆွေးနွေးမယ်ပေါ့။ ကျနော်တို့ဘယ်လိုဖြစ်ချင်ကြလဲဆိုတာ ဆွေးနွေးညှိနှိုင်းတဲ့အဆင့်ဘဲရှိပါသေးတယ်။ ဆုံးဖြတ်တဲ့အဆင့်တော့မဟုတ်သေးပါဘူး။

မေး။ ။ ဟုတ်ကဲ့အဲ့ဆိုရင် ထပ်သွားဆွေးနွေးရဦးမှာပေါ့နော်။ ဘယ်တော့လောက်သိနိုင်မလဲခင်ဗျ။

ဖြေ။ ။ ၂ ဖက်လုံးအကြီးအကဲတွေကို ပြန်သွားတင်ရဦးမယ်လေ။ကျနော်တို့ဆိုရင် PPST ပေါ့။ လာမယ့်လ ဒုတိယပတ်လောက်တွေ့ဖြစ်မယ်လို့မျှော်မှန်းထားကြပါတယ်။

မေး။ ။ အဲလိုဆိုရင် မနေ့က ဆွေးနွေးပွဲမှာဘာတွေဆွေးနွေးခဲ့သလဲဆိုတာ ပြောပြလို့ရမလားခင်ဗျ။

ဖြေ။ ။ အဓိကကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့ တုန့်ဆိုင်းနေတယ် ရှေ့မဆက်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့က ဒါကိုကျော်လွှားချင်တယ်။ ကျနော်တို့ ၁၀ ဖွဲ့ကပြင်ဆင်ထားတယ်။ အစိုးရဘက်ကလည်းပြင်ဆင် လာတယ်။ ပြင်ဆင်လာတာကို ကျနော်တို့လာပြီး တင်ပြကြတာ ဆွေးနွေးကြတာလေ။ ဒီဟာကို ခေါင်းစဉ်တွေ ရပြီဆိုရင် ဘယ်လိုဆက်ဆွေးနွေးသွားကြမလဲစတာတွေဆွေးနွေးတာလေ။

နောက်တခုက လာမယ့်လ ၁၅ ရက်နေ့ကလည်း NCA လက်မှတ်ထိုးခြင်း ၄ နှစ်ပြည့်ပြီဆိုတော့လေ အရင် နှစ်တွေတုန်းကလိုဘဲ ဒီနှစ်လည်း အခမ်းအနားကျင်းပချင်တယ်ပေါ့။ အဲလိုဆွေးနွေးကြတယ်။ ပြင်ဆင်ကြတယ်။ ဒီအခမ်းအနားအခွင့်အလှမ်းကနေပြီးတော့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံနိုင်အောင်လုပ်ချင်တယ်။ အခမ်း အနားအပြီး ၃-၄ ရက်လောက်ဆိုရင် တွေ့နိုင်အောင် ပေါ့နော်။ ပြန်လည်နီးစပ်မှုရှိအောင် လို့ပြောရ မလား။ ခုအနေအထားကြည့်ရင် ဝေးနေသလို ခံစားရလို့လေ။

မေး။ ။ အဲလိုဆိုရင် NCA ၄ နှစ်ပြည့်အခမ်းအနားကျင်းပ ဖို့ဆိုတဲ့ဟာကိုရော ဆွေးနွေးသဘောတူခဲ့ကြတယ် ပေါ့ အဲလိုလားခင်ဗျ။

ဖြေ။ ။ NCA ၄ နှစ်ပြည့်အခမ်းအနားကိစ္စကတော့ ဟိုးအရင်ကတည်းက သဘောတူညီချက်ရှိပြီးသားလေ။ ဘယ်လိုလုပ်ကြမလဲဆိုတာနည်းလမ်းလေးဘဲဆွေးနွေးရတာပါဘဲ။

မေး။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီးပြောတဲ့အတိုင်းဆိုရင် ငြိမ်းချမ်းရေးက ၄ နှစ်ထဲဝင်လာပြီဆိုပေမယ့် တစ်ဆို့တုန့်ဆိုင်းနေသေးတဲ့အပေါ် ဘယ်လိုဖြေရှင်းသင့်ပါသလဲ။ လုပ်နေရတဲ့လုပ်ငန်းစဉ်အပေါ်မှာကော အားရကျေနပ်မှုရှိပါသလားခင်ဗျ။

ဖြေ။ ။ လက်မှတ်ရေးထိုးခြင်း ၄ နှစ်တာကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ ကျေနပ်အားရ လောက် တဲ့ အနေအထားမရှိဘူး။ ဒါပေမယ့် စိတ်သဘောထားရှည်ရှည်ထားပြီး သူ့ဘက်ကိုယ့်ဘက်ကြည့်ပြီးတော့ တွေ့ဆုံဆွေးနွေးဖြေရှင်းသွားရတာပေါ့။ ဘာလို့လဲဆိုတော့ NCA ဘောင်ထဲကနေသွားမယ်ဆိုတဲ့ခါကျတော့ အကြမ်းဖက်နည်း သုံးလို့မရဘူးလေ။ မနေ့ကကျနော်တို့ဆွေးနွေးခဲ့တဲ့အတိုင်း လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း ပါ၀င်လာနိုင်အောင် ဘယ်လိုစီစဉ်ပြီးတွေ့ဆုံကြမလဲ ။ စာရင်းထဲအတိုင်း သွားမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ၂၀ လောက်ရှိမယ်လေ။ ခုက ဒီ NCA ထဲပါလာတာ ၁၀ ဖွဲ့လောက်ဘဲ ရှိသေးတယ်လေ။ NCA ပြင်ပမှာ ၁၀ ဖွဲ့လောက်ကျန်နေသေးတယ်လေ။ ဒါကိုအားလုံးနဲ့ဆက်ဆွေးနွေးသွားရမယ်။ နည်းလမ်းရှာရမယ်လေ။

ဟုတ်ကဲ့ စိတ်ရှည်ရှည်နဲ့ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။

စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ NCA-S EAO နဲ့ အစိုးရကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်ဘက်က ရှေ့နေချုပ် ဦးထွန်းထွန်းဦး ( NRPC ဒုဥက္ကဌ ၃ ) ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် နေလင်း၊ ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ဦးလှမောင်ရွှေ ၊ ဦးမိုးဇော်ဦး၊ ဦးဇော်ဌေးတို့ပါ၀င်ပါတယ်။

NCA-S EAO ညှိနှိုင်းရေးအဖွဲ့မှာကျတော့ – ဗိုလ်မှူးကြီး စိုင်းငင်း (Team Leader) ရဲဘော်မျိုးဝင်း (Coordinator) ဒေါက်တာ လျန်မှုန်းဆာခေါင်း ၊ စောမြရာဇာလင်း ၊ ခွန်မြင့်ထွန်း ၊ နိုင်အောင်မငေး ၊ ဗိုလ်မှူးကြီး စောစိန်ဝင်း ၊ ပဒိုစောအယ်ကလူးစေး ၊ ဗိုလ်မှူးကြီး စောကျော်ညွှန့် ၊ဗိုလ်မှူးကြီး ဆော်လမွန် ၊ ပဒိုစောဆဲဂေ (Team Leader) ၊ စိုင်းလျန်း (Coordinator)၊ ဗိုလ်မှူးချုပ် စောတာမလာသော ၊ ဗိုလ်မှူးကြီး ဆောင်းဟန် ၊ ဗိုလ်မှူးကြီး ဗညားချမ်းနွန် နဲ့ နှစ်ဖက် ရုံးအဖွဲ့၊ အလုပ်အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မတူကွဲပြားမှုကို ၂၁ ပင်လုံ လက်တွေ့ လက်မခံသေး

0
ယမန်နေ့ ကျင်းပသည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် မှ အဖွင့်အမှာစကားကို မြန်မာဘာသာဖြင့် ပြောဆိုခဲ့သည့် အပေါ်လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှု များစွာရှိခဲ့သည်။ သြဂုတ်လ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်သော...

ငြိမ်းချမ်းရေးရှေ့ဆက်မည့် လုပ်ငန်းစဉ် ဆွေးနွေးရန် PPST  အစည်းအဝေး ပြုလုပ်မည်

0
ငြိမ်းချမ်းရေး ရှေ့ဆက်မည့်  လုပ်ငန်းစဉ် ဆွေးနွေးရန် အတွက်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယခုလ အတွင်း ပြုလုပ်မည်ဟု သတင်းရရှိသည်။ PPST အဖွဲ့သည် အပစ်ရပ်စဲရေး NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်   ၁၀ ဖွဲ့ပါဝင်သည်။   “ ဒီလ...

လွယ်တာကိုအရင်လုပ်မှ ခက်တာကိုအောင်မြင်ကျော်လွှားနိုင်လိမ့်မယ် ( ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းနှင့် မေးမြန်းချက်)

0
၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်ကို ဇွန်လနှောင်းပိုင်းလောက်မှာ ကျင်းပဖို့အစိုးရဘက်က ရက်ရွှေ့ လိုက်ပြီဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြားက တစ်ဆို့မှုကြီးတွေကို ကျော်လွှား နိုင်ပြီလား ။ ဘာတွေကိုကျော်လွှားခဲ့ပြီး ဘာတွေကျန်နေသလဲ။ သို့မဟုတ် ထပ်တူကျပြီလား။ ဘယ်အခြေ အနေရှိနေပါသလဲဆိုတာသိရအောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်စတင်ကတည်းက ပါ၀င်လာတဲ့ပြည်ထောင်စုအင်စတီကျု...