သျှမ်းမြောက် တိုက်ပွဲကြား အမျိုးသမီးနှင့် ကလေးငယ်များသေဆုံးနေသည်ကို ကုလစိုးရိမ်

0

သျှမ်းပြည်မြောက်ပိုင်း တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အမျိုးသမီး နှင့် ကလေးငယ်များ သေဆုံးမှု အပေါ် စိုးရိမ် ကြောင်း ကုလသမဂ္ဂက ကြေငြာချက်ထုတ်ပြန်သည်။

သြဂုတ်လ ၁၅ ရက်မှ စတင်သည့် သျှမ်းမြောက် တိုက်ပွဲကြောင့် အရပ်သား ၁၇ ဦး သေဆုံခဲ့ပြီး ၂၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ ထိုထဲတွင် သေဆုံးသူ အများစုသည်အမျိုးသမီးနှင့် ကလေးငယ်များဖြစ်သည် ဟု မြန်မာနိုင်ငံ ဆိုင်ရာ ယာယီ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် နှင့် လူသားချင်းစာနာရေးရာ ညှိနှိုင်းရေးမှူး ဂျွန်ခူနူကိ က စက်တင်ဘာ ၄ ရက် စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

တိုက်ပွဲကြား အမျိုးသမီး နှင့်ကလေးငယ်များ သေဆုံးမှု၊ ထိခိုက်မှု များသဖြင့် ကုလ အနေဖြင့် စိုးရိမ် ပူပန်ကြောင်း ဖော်ပြထားသည်။

သြဂုတ် ၃၁ ရက် ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းကျေးရွာ တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး၊ ယင်းအနက် ၃ ဦးမှာ ကလေး၊ ၂ ဦး မှာ အမျိုးသမီးများ ဖြစ်ကြသည့်အတွက် ထိုလက်နက်ကိုင် ပဋိပက္ခ ကြီးမားသည့် ထိခိုက်ဆုံးရှုံးမှုများဖြစ်နေကြောင်း လည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အရပ်သား များ ဆက်လက်ထိခိုက်ရခြင်းမှ ကင်းဝေးရန် အတွက် ပဋိပက္ခ တွင် ပါဝင်နေသည့် လက်နက်ကိုင် အဖွဲ့များအနေဖြင့် ပြည်သူ ၏ လုံခြုံ ဘေးကင်း ရေးကို အစွမ်းကုန် အလေးထားကာ ကာကွယ်ပေး သင့်ကြောင်း ကုလ က တိုက်တွန်းထားသည်။

လူသားချင်းစာနာမှု အဖွဲ့များ အား အကူအညီ လိုအပ်နေသည့် ပြည်သူများထံ စားနိပ်ရိက္ခာ၊ ရေ နှင့် အခြား အရေးကြီး အထောက်အပံ့ များ သွားရောက် ပံ့ပိုးနိုင်ရန်လည်း ခွင့်ပြုရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

“ တပ်ဖွဲ့တွေ ဆွေးနွေးဖို့ လိုတယ်။ ငြိမ်းချမ်းရေးဆွေးနွေးရင် ဟန်ပြ ဆွေးနွေးပွဲ မလုပ်ကြပါနဲ့” ဟု လည်း သျှမ်း လူ့အခွင့်အရေး မဏ္ဍိုင် မှာ စိုင်းဟော်ရှဲန်က ပြောသည်။

အပစ်ခတ်ရပ်စဲရေး ကာလ အတွင်း အပစ်ခတ်ရပ်စဲရေး သဘောတူညီ ချက်ကို အကြိမ်ကြိမ် ချိုးဖောက်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည် ဟုလည်း ကုလက ပြောဆိုလိုက်သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE