တတိယအကြိမ်မြောက် ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်တွေ့ဆုံပွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ကျင်းပ

တတိယအကြိမ်မြောက် ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်တွေ့ဆုံပွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သျှမ်းမျိုးနွယ်စု ဓမ္မာရုံတွင် ကျင်းပပြုသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နေရာအသီးသီးမှ သျှမ်းစာပေသင်ဆရာ ဆရာမ ချိတ်ဆက်နိုင်ပြီး သျှမ်းစာပေ ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ရန် ရှမ်းလူငယ်တွေ့ဆုံပွဲ Tai Youth Forum မှ ထွက်ရှိလာသော သဘောတူညီချက်များမှ သျှမ်းလူငယ်ဖွံ့ဖြိုးရေးစင်တာ နေရာရအောင် တို့ဖြစ် ကြောင်း သိရသည်။

“ မြို့နယ်အသီးသီးရှိ သျှမ်းလူငယ်တွေ အတွက် အမျိုးသားရေး၊ နိုင်ငံရေး ခေါင်းဆောင်မှု အရည် အချင်း လက်ရှိဖြစ်ပျက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်တွေအတွက် တွေ့ဆုံနှီးနှောဖလှယ်ရခြင်းဖြစ်တယ် ” ဟု  မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက် ဗဟို အလုပ်မှုဆောင် စိုင်းအိုက်ပီး ကပြောသည်။

ကချင်ပြည်နယ်တွင် နေထိုင်သည့် သျှမ်းတိုင်းရင်းသား ၅ မျိုးရှိပြီး ဒေသအသီးသီးရှိ မတူညီသော ဘာသာစကားကွဲပြားခြားမှု ရှိကြောင်း သိရသည်။

“ကချင်ပြည်နယ်ဒေသတွင်းမှာရှိတဲ့ ဒေသတွင်း သျှမ်းလူငယ်တွေ လာရောက်ပီးတော့ ရင်းနှီးမှုရှိ အောင် ခင်မင်မှုရှိအောင် ဒေသတစ်ခုနဲ့ တစ်ခု ယုံကြည်မှုရှိအောင် အဓိက ရည်ရွယ်တာပေါ့နော် ။ မတူကွဲပြားတဲ့ဟာက ခနပြောသလိုပေါ့။ ကချင်ပြည်နယ်က တိုင်းရင်းသားတွေ အများကြီးနေထိုင်ပါတယ်။ ပီးခဲ့တဲ့ နဝတ ခေတ်အစိုးရတုန်းက သတ်မှတ်ပေးထားတဲ့ သျှမ်း ၅ မျိုး ဆိုတာ သတ်မှတ်တယ်။ ဒါမယ့် ကျနော်တို့ လူငယ်တွေကတော့ သျှမ်းဆိုတဲ့ ဝေါဟာရတစ်ခုမှာပဲ ALL in One Tai ဆိုတာကို အဲ့လိုပဲ စဉ်းစားထားတယ်” ဟု ကချင်ပြည်နယ်ရှိ TYN အလုပ်အမှုဆောင် စိုင်းဖ ကပြောသည်။

ကချင်ပြည်နယ်လုံးဆိုင်ရာ သျှမ်းလူငယ်တွေ့ဆုံပွဲတွင် မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ၃ ရက်သာ ကျင်းပသွားမည်ဖြစ်သည်။

တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သျှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ၊ UPDJC အတွင်းရေးမှူး စိုင်းကျော်ညွန့် ၊ ပြည်သူ့လွှတ်တော် နန်းခမ်းအေး အမျိုးသားလွှတ်တော် စိုင်ဝမ်းလျန်းခမ်း နှင့် လွှတ်တော်အမတ်များအပါအဝင် ကချင်လူငယ် များ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE