Tuesday, January 27, 2026

တောင်ယာမီးရှို့ကြောင့် ထိုင်းနယ်စပ်ရှိ မြို့နယ်များတွင် လေထုညစ်ညမ်းမှု မြင့်တက်

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းတုံ၊ မိုင်းဆတ်မြို့များတွင် ယခုကာလ တောင်ယာမီးရှို့မှုကြောင့် လေထုညစ်ညမ်းမှုများခံစားနေရကြောင်း သိရသည်။

Photo Credit to တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ တာချီလိတ်မြို့တွင်း မီးသတ်ကားများဖြင့် ရေများပက်ဖြန်းပေးနေစဉ်

လေထုညစ်ညမ်းမှုသည် ယမန်နှစ်ထက် ပိုမိုဆိုးရွာကာ၊ ယခုရက်ပိုင်းအတွင်း နေမမြင်ရသည့် အခြေအနေထိ ဖြစ်နေကြောင်း မိုင်းဆတ််မြို့ဒေသခံ စိုင်းနွမ်တစ် က ပြောသည်။

“ မီးခိုးမြူတွေဖြစ်နေတာ တပတ်ရှိပြီ။ နေမမြင်ရ မြူခိုးတွေပဲ။ အပြင်ကတော့ မထွက်သလောက်ပဲ။ မျက်စိတွေစပ်တယ်” ဟု စိုင်းနွမ်တစ် ကဆိုသည်။

တာချီလိတ်မြို့တွင်လည်း လေထုညစ်ညမ်းမှုကြောင့် မျက်စိမျက်လုံးများစပ်နေရကြောင်း ဒေသခံ နန်းမိုကပြောသည်။

“၂ ရက်ရှိပြီဆိုးရွားတာ။ မျက်စိတွေစပ်တယ်။လည်ချောင်းတွေ ယားယံတယ်။ အသားတွေစပ်တယ်။ ကလေးတွေကိုအိမ်ပြင်ပေးမထွက်တော့ဘူး။ မီးခိုးနံ့အရမ်းနံနေတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
ထိုင်းနယ်စပ် တလျှောက်တွင်လည်း တောင်ယာမီးရှို့မှုကြောင့် တာချီလိတ်တွင်လည်း လေထု ညစ်ညမ်းမှု သည် ပိုမို ပြင်းထန်စွာခံစားနေရကြောင်း ၊တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုကြောင့် မီးသတ် တပ်ဖွဲ့ မှ မြို့ တွင်း ရေပက်ဖြန်းပေးမှုများပြုလုပ်နေကြောင်းသိရသည်။
လေထုညစ်ညစ်မှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာများဖြစ်နိုင်သည့်အတွက် အပြင်ထွက်သည့်အခါ နှားခေါင်းစည်းများ တပ်ဆင်ကာထွက်ရန် နှင့် ကျန်းမာရေး မကောင်းသူများ အပြင်မထွက်ရန် လည်း သက်ဆိုင်ရာ မှ ထုတ်ပြန်ထားသည်။

လေထု ညစ်ညမ်းမှုကြောင့် တိုင်းတာချက်ကို ထိုင်းနိုင်ငံ မှ ငှားရမ်းပြီး တာချီလိတ်မြို့တွင်း (၁၀) နေရာတွင် တပ်ဆင်သွား သော်လည်း မိုင်းဆတ်မြို့ တွင် တပ်ဆင်ထားမှု မရှိသေးပေ။

မိုင်းဆတ်မြို့တွင် လေထု ညစ်ညမ်းမှု တိုင်းတာသည့် ကိရိယာ မရှိသည့်အတွက် လေထုညစ်ညမ်းမှု မည်သည့် အဆင့် ရောက်နေသည် ကို မတွေ့ရှိသလို လေထုညစ်ညမ်းမှု နှင့် ပတ်သတ်ပြီး ဆောင်ရန်၊ ရှောင်ရန် လည်း သက်ဆိုင်ရာက ပြောဆို ခြင်းမရှိကြောင်းလည်း မိုင်းဆတ် ဒေသခံများ ပြောကြားချက်အရ သိရသည်။

“လေထု ညစ်ညမ်းမှု က တနှစ်ထက် တနှစ်ပို ဆိုးလာတယ်။ နောက်နှစ် ဒီထက်ပိုဆိုးဖို့ပဲရှိတယ်” ဟုလည်း မိုင်းဆတ်ဒေသခံ စိုင်းနွမ်တစ်က ဆိုပြန်သည်။

တောင်ယာစိုက်ပျိုးသူများသည် ယခု အချိန်အခါတွင် တောင်ယာစိုက်ပျိုးရန် အတွက် တောမီးများကို စည်းမဲ့ ကမ်းမဲ့ ရှို့ခြင်း ၏ နောက်ဆက်တွဲ ရလဒ် တခု ဟုလည်း မိုင်းဆတ်ဒေသခံ များက ထောက်ပြသည်။

တောင်ယာမီးရှို့မှုကြောင့် ဖြစ်ပေါ်လာသော မီးခို်းများနှင့် လေထုညစ်ညမ်းမှုသည် တိရစ္ဆာန်များ အပါအဝင် လူ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ပိုမိုထိခိုက်မှုရှိကြောင်းလည်း သိရသည်။

အဆိုပါ လေထုညစ်ညမ်းမှုသည် ဧပြီလကုန်ထိ ရင်ဆိုင်ရမည် ဖြစ်ပြီး၊ မိုးရွာသွန်းပါက လေထုညစ်ညမ်းမှု ပြေပျောက်သွားမည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း လေထုညစ်ညမ်းမှုကြောင့် ဒေသခံများ အသက်ရှူခက်ခဲလာ

0
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်အတွင်း၌ လေထုညစ်ညမ်းမှုကြောင့် ဒေသခံ ပြည်သူများ အသက်ရှုရ ခက်ခဲလာကြောင်း သတင်းသိရသည်။ ယခု ရက်ပိုင်းအတွင်း၌ တာချီလိတ်မြို့နယ်အတွင်း လေထုညစ်ညမ်းမှုသည် ယခင်ကထက် ပိုမိုများပြားလာပြီး အပြင်ထွက်ပါက အသက်ရှူရ ခက်ခဲကြောင်း ဒေသခံ အမျိုးသား ဦးစော က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အိမ်ထဲမှာ နေရင်တော့...