Thursday, January 29, 2026

သျှမ်းခေတ်ပေါ်တေးအဆိုတော် စိုင်းဆိုင်ဇွမ်ဖှ၏သားငယ် ပြည်နယ်အဆင့်ကွန်ပြူတာစွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိ

ပြည်နယ်အဆင့် ကျောင်းပေါင်းစုံ ကွန်ပျူတာစွမ်းရည်ပြိုင်ပွဲတွင် သျှမ်း ခေတ်ပေါ်တေးသီချင်းအဆိုတော် စိုင်းဆိုင်ဇွမ်ဖှ၏သား ICTC ကျောင်းသား စိုင်းဆိုင်လောဝ်ဖှ အသက် ၁၂ နှစ်သည် အလယ်တန်းအဆင့် ကွန်ပြူတာ ထူးချွန်ဆုတတိယ ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

Photo by ICTC/ သျှမ်းခေတ်ပေါ်တေးအဆိုတော် စိုင်းဆိုင်ဇွမ်ဖှ၏သားငယ် ပြည်နယ်အဆင့်ကွန်ပြူတာစွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိ

ဇန်နဝါရီလ ၃ ရက်နေ့က လားရှိုးမြို့တွင်ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင်တက်ရောက်ကာ ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူဆုရရှိမယ်လို့ ကျနော်မထင်မိဘူး။ အခုလိုရရှိတဲ့အတွက်လည်း ၀မ်းသာဂုဏ်ယူပါတယ်။ ကလေးတွေ အနာဂတ်အတွက် ပညာရေးကိုဆက်လက်ကြိုးစားသွားဖို့ တွန်းအားပေး ကူညီထောက်ပ့ံသွားပါမယ် ”- ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

စိုင်းဆိုင်လောဝ်ဖှသည် သျှမ်းခေတ်ပေါ်တေးအဆိုတော် စိုင်းဆိုင်ဇွမ်ဖှနှင့် နန်းအေမွန် တို့၏ သား ၃ ဦးအနက်အထွေးဆုံးဖြစ်ပါသည်။

ကွန်ပြူတာပိုင်းဆိုင်ရာပညာရပ်တွင်ထူးချွန်သည့်အပြင် ဖခင်ဖြစ်သူနှင့်အတူ တေးသီချင်းသီဆိုခြင်း၊ ပီယံနိုတီးခတ်ခြင်းနှင့် ဂစ်တာတီးခြင်းတို့တွင်အထူး စိတ်ဝင်စားတီးခတ်တတ်မြောက် ခဲ့ပြီးလက်ရှိတွင် International Child Trainin Center တွင် ဆဌမတန်းတက်ရောက်သင်ကြားနေ ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News