Tuesday, January 27, 2026

သီပေါမြို့ နမ့်မအုပ်စုအတွင်း ကျောက်မီးသွေးဆက်လက်တူးဖော်ရေး တနှစ်အချိန်ထပ်တိုးပေးရန် ကုမ္မဏီမှလူထုနှင့်ညှိနှိုင်းတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ အုပ်စုရှိ ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းအား ၁ နှစ် ထပ်မံတိုးမြှင့်တူးဖော်ရန်ကုမ္မဏီအား ဒေသခံများက ခွင့်ပြုထားကြောင်းသိရသည်။

Photo by SHAN – နမ့်မအုပ်စုအတွင်းက ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းအဝင်ဆိုင်းဘုတ်

ဒီဇင်ဘာလ ၁၃ ရက်နေ့က နမ့်မအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံများအား ကျောက်မီးသွေးတူးဖော်သည့် ငွေရည်ပုလဲကုမ္မဏီက လာရောက်တွေ့ဆုံကာ တနှစ်ထပ်မံတူးဖော်ခွင့်ပေးရန် ညှိနှိုင်းရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိသာ ဒေသခံများက ခွင့်ပြုချက်ပေးထားကြောင်းသိရသည်။

နမ့်မဒေသခံလူငယ် စိုင်းဆာလူ က- ” ငွေရည်ပုလဲကုမ္မဏီက နမ့်မအုပ်စုမှာ ၂၀၀၄ ခုနှစ်ကတည်းကစပြီး ၂၀၁၈ အထိတူးခွင့်ရထားတယ်။အခုက ကျောက်မီးသွေးတွေမကုန်သေးလို့ တနှစ်ထပ်တူးခွင့်ပြုပါ ဆိုပြီးတောင်းလာတယ်။၂၀၁၈ ခုနှစ်တုန်းက လူထုအတွက် လုပ်ပေးလို့မပြီးသေးတဲ့ စီမံကိန်းတွေကို ဒီ ၂၀၁၉ ခုနှစ်ရဲ့ပထမ ၆ လအတွင်း ကုမ္မဏီဘက်ကနေအပြီးလုပ်ပေးဖို့ သဘောတူညီချက်ရယူကြတယ်။ ပြီးရင် လက်မှတ်ရေးထိုးကြတယ်။ တကယ်လို့ ၆ လ အတွင်း လုပ်စရာအကြွေးတွေ အပြီးမလုပ်ပေးရင်တော့ ကျောက်မီးသွေးတူးဖော်မှု လုပ်ငန်းချက်ချင်းရပ်ဆိုင်းရမယ်လို့ ပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by SHAN – နမ့်မအုပ်စုကျောက်မီးသွေးတူးဖော်ရေးဧရိယာ

၂၀၁၉ ခုနှစ်အတွင်း ကျောက်မီးသွေးဆက်လက်တူးဖော်မည်ဆိုပါက နမ့်မဒေသခံများအတွက် မီးစက် ၁ လုံး နှင့် ဒေသခံလူထုအတွက် ရံပုံငွေ ကျပ်သိန်း ၁၀၀ ကိုတောင်းဆိုထားကြောင်း၊ နမ့်မအုပ်စုအတွင်းပါ၀င်သည့် ရွာကြီး ရ ရွာမှလည်း လမ်း၊ ကျေးလက်ခန်းမ အစရှိသည်တို့ ကုမ္မဏီဘက်မှ လုပ်ဆောင်ပေးရန် အသီးသီး တောင်းဆိုထားကြကြောင်းလည်း သိရသည်။

ကုမ္မဏီဘက်ကတော့ ကျနော်တို့ကိုတမျိုးပြီးတမျိုးတောင်းနေတယ်လို့မြင်ကောင်းမြင်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ကိုကုမ္မဏီဘက်ကလုပ်ပေးတဲ့ဟာတွေက ၁၀၀ ရာခိုင်နှုန်း လုံးဝ အဆင်ပြေပြီးစီးတာမျိုး မရှိခဲ့ဘူး။ လူထုတောင်းဆိုတဲ့အတိုင်း ကွက်တိလုပ်ပေးတာမရှိခဲ့ဘူး။ တချို့ဟာတွေဆိုရင် ၁ လနဲ့ပြီးတန်တဲ့ဟာမျိုးဆို ၄ လ လား ၆ လ လားအထိ အချိန်ဆွဲပြီးလုပ်တာလေ။” – ဟု စိုင်းဆာလူ ကဆက်ပြောသည်။

Photo by SHAN – ကျောက်မီးသွေးများအား လှိုဏ်ခေါင်းဖောက်ပြီးတူးဖော်

နားနျုအုပ်စု ဝမ့်လုံရွာမ ရွာကြီးအတွင်း ငွေရည်ပုလဲ ကုမ္မဏီမှ ကျောက် မီးသွေး တွင်းကြီး ၃ နေရာ တူးဖော်နေရာ – ပိန်းဆိုင်းရွာ ၊ ပန်ငါးရွာ နှင့်နား ကွန်ရွာ အနီးတဝိုက်တို့တွင်ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရပါသည် ။

ငွေရည်ပုလဲကုမ္မဏီသည် ၀မ့်လုံ – နမ့်မကျေးရွာအတွင်းသို့ ၂၀၀၀ ပြည့်နှစ် ကတည်းက စတင်ဝင် ရောက်လာပြီး ခန့်မှန်းဧရိယာ ၃၀ ဧကရှိသည့် ပိန်းဆိုင်းရွာ တွင် ၂၀၀၄ ခုနှစ်မှစ၍ ကျောက်မီးသွေး တူး ဖော်ကြောင်း ၊ ဧရိယာ ၅၀ ဧကခန့်ရှိ နားကွန်ရွာတွင် ၂၀၁၄ ကစတင်တူးဖော်ကြောင်း ၊ ထို့ကြောင့် လယ်ယာခြံမြေများ ၊ တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင် ၊ ချောင်းရေများပျက်စီးဆုံးရှုံးရကြောင်း ၊ ညစ်ညမ်းသည့်လေ ၊ ညစ်ညမ်း သည့်ရေများကြောင့်ဒေသခံ၏ ကျန်းမာရေး တနေ့တခြား ဆုတ်ယုတ်လာကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News