Tuesday, January 27, 2026

ထိုင်းရေဘေးသင့် မြန်မာလုပ်သားများ CI စာအုပ် ပျောက်ဆုံး၊ ပျက်စီးလျှင် ပြန်လျှောက်ထားနိုင်

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နှင့် အနီးတစ်ဝိုက်ဒေသများရှိ အလုပ်သမားများအနေဖြင့် CI စာအုပ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းတို့ရှိလျှင် ပြန်လည်လျှောက်ထားနိုင်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက ယနေ့ ( ဒီဇင်ဘာလ ၁ ) ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထို့အပြင် ငွေပေးသွင်းထားပြီး CI စာအုပ်ပြုလုပ်ရန် ကျန်ရှိသူများအနေဖြင့်လည်း ငွေပေးသွင်းထားသည့် စခန်းများတွင် သွားရောက်ပြုလုပ်နိုင်ကြောင်း၊ အခက်အခဲများရှိလျှင် နီးစပ်ရာ CI စခန်းများသို့ သွားရောက် လျှောက်ထားနိုင်ကြောင်း ဆိုသည်။

ထိုင်းနိုင်ငံတွင် CI စာအုပ်ထုတ်ပေးသည့် စခန်း ၄ ခုကို ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်နှင့် ဆူရတ်ဌာနီမြို့များတွင် ဖွင့်လှစ်ထားပြီး ကရာဘီမြို့တွင်လည်း မိုဘိုင်းစခန်း (Mobile Unit) တစ်ခု တိုးချဲ့ဖွင့်လှစ်ထားကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက ဆိုထားသည်။

CI စာအုပ်ဆိုသည်မှာ အထောက်အထားမရှိသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အသိအမှတ်ပြုပြီး ထုတ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity – CI) ဖြစ်သည်။

အဆိုပါ CI စာအုပ်ကိုင်ဆောင်ထားလျှင် ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် ၇၇ ခုလုံးကို ရွှေ့ပြောင်းသွားလာနိုင်သည်။

CI စာအုပ်ထုတ်ပေးသည့် စခန်း လေးခုနှင့် မိုဘိုင်းစခန်း တစ်ခုကို ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဖွင့်လှစ်ပေးမည် ဖြစ်သဖြင့် သက်တမ်းတိုးရန် ကျန်ရှိသူများအနေဖြင့် အချိန်မီ သက်တမ်းမိုးလုပ်ဆောင်ကြရန် မြန်မာအလုပ်သမား သံအရာရှိရုံးက သတိပေးထားသည်။

သို့သော် CI စာအုပ်လုပ်လျှင် ပေးရသော အခွန်ငွေများသည် အလုပ်သမားဝန်ကြီးဌာနမှတစ်ဆင့် နေပြည်တော်ရှိ စစ်ကော်မရှင်ထံသို့ အခွန်ငွေများစီးဆင်းနေသဖြင့် အလုပ်သမားအရေး လှုပ်ရှားသူများက ကန့်ကွက် နေကြသည်။

ထို့ကြောင့် CI စာအုပ် လုပ်စရာမလိုအပ်ဘဲ ထိုင်းဝန်ကြီးဌာနမှ ထုတ်ပေးသည့် ပန်းရောင်ကတ်တစ်ခုတည်းနှင့် သာ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ရရှိရန် အလုပ်သမားအရေး လုပ်ရှားသူများက တောင်းဆိုနေကြသည်။

လက်ရှိ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၇၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News