Sunday, February 1, 2026

ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရသည့် ပေထုန်တန်ရှင်နာဝပ် ထိုင်းအစိုးရအဖွဲ့သစ်ထဲ ယဉ်ကျေးမှုဝန်ကြီးဖြစ်လာ

ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုအတွင်း ညွန့်ပေါင်းအစိုးရ ပြိုကွဲသွားပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ထိုင်းအစိုးရအဖွဲ့ထဲတွင် ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရသည့် ပေထုန်တန် ရှင်နာဝပ်သည် ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာသည်။

ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက်ပိုင်းတွင် ထိုင်းအစိုးရအိမ်တော်၌ ကျင်းပသည့် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံထားသည့် Suriya Jungrungreangkit မှ ယာယီဝန်ကြီးချုပ်အဖြစ် ဦးဆောင်၍ အသစ်ခန့်အပ်ခံထားရသည့် အခြားဝန်ကြီးများ (၁၄) ဦးတက်ရောက်ခဲ့သည်။

ပုံစာ – ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်လာသူများ (ဓာတ်ပုံ – Khaosod)

ပေထုန်တန်ရှင်နာဝပ်သည် ထိုင်းဝန်ကြီးချုပ် တာဝန်ယူထားစဉ် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ပုဂ္ဂိုလ်ရေး ဖုန်းပြောကြားမှု အသံဖိုင် ပေါက်ကြားခဲ့ပြီး နိုင်ငံရေးတင်းမာမှုများ မြင့်တက်ခဲ့ကာ ဇွန်လ (၂၈) ရက်တွင် ဝန်ကြီးချုပ် နုတ်ထွက်ရေး ဆန္ဒပြပွဲများ ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည်။

အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ထိုင်းအစိုးရအဖွဲ့သစ်ကို ဇူလိုင်လ (၁) ရက်တွင် ထိုင်းဘုရင်မှ အတည်ပြုပေးခဲ့ပြီး နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ပေထုန်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်ရာထူးမှ ယာယီဆိုင်းငံ့ကြောင်း ဆုံးဖြတ်ခဲ့သည်။

ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပမည့် ထိုင်းအစိုးရအဖွဲ့သစ်၏ အထူးအစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ လုပ်ငန်းတာဝန်များ ခွဲဝေကြမည်ဖြစ်ပြီး ယာယီဝန်ကြီးချုပ် တာဝန်လည်း အပြောင်းအလဲ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News