Thursday, January 29, 2026

ကျိုင်းတုံ-တောင်ကြီးလမ်း ခရီးသည်တင်ယာဉ် ချောက်ထဲကျ (၇)သေဆုံး၊ (၃)ဦးဒဏ်ရာရ

သျှမ်းပြည် ကျိုင်းတုံ-တောင်ကြီး စပါယ်ရှယ် တောင်အဆင်းလမ်းတွင် ခရီးသည်တင်ယာဉ်ချောက်ထဲကျပြီး (၇)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ မတ်လ (၈)ရက် ည (၈)နာရီ အချိန်ခန့်တွင် ကျိုင်းတုံ-တောင်ကြီး စပါယ်ရှယ် တောင်အဆင်းလမ်း လက်ပံပင်ကွေ့၌ ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲထိုးကျခဲ့ပြီး (၃)ဦးဒဏ်ရာ ရရှိကာ အမျိုးသား (၄)ဦး၊ အမျိုးသမီး(၂)ဦးရုပ်အလောင်းကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်သေဆုံးရုပ်အလောင်းတစ်လောင်းကို ယနေ့ထိ ဆယ်လို့မရသေးကြောင်း နှလုံးလှပိုင်ရှင်များ လူမူကူညီရေး အသင်းထံမှ သိရသည်။

ကျိုင်းတုံ-တောင်ကြီးလမ်း ခရီးသည်တင်ယာဉ် ချောက်ထဲကျ (၇)သေဆုံး၊ (၃)ဦးဒဏ်ရာရ

“မနေ့ညကပဲ ကူညီ ကယ်ဆယ်ဖို့ ကူညီတောင်းလို့ သွားကူညီတာ။ သေတာ က (၇)ဦး တစ်ဦးကိုတော့ ဆွဲထုတ်လို့ မရသေးဘူး။တာဝန်ရှိ တဲ့သူတွေလာပြီး ခွင့်ပြုချက်ရမှ ဆွဲထုတ်ရမယ်ဆိုလို့။ ဒဏ်ရာ ရထားတဲ့ (၃)ဦးကိုတော့ ဆေးရုံကို ပို့လိုက်တယ်။” ဟု အဆိုပါ လူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ခရီးသည်တင်ယာဉ်တွင် ခရီးသွား (၁၀)ဦး ပါဝင်ပြီး အနက်ပေ (၅၀၀)ခန့်နက်သည့် ချောက်ထဲသို့ကျရောက်ခဲ့ပြီး ကားမီးလောင်ကာ ခရီးသည်များသေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့အပြင် ၎င်းနေရာသည် မကြာခဏ ယာဉ်တိမ်းမှောက်လေ့ရှိပြီး ခရီးသွားကားများအနေဖြင့် သတိဝီရိယဖြင့် မောင်းစေလိုကြောင်း နှလုံးလှပိုင်ရှင်များ လူမူကူညီရေးအသင်း အမျိုးသားတစ်ဦးက ပြောသည်။

ကျိုင်းတုံ-တောင်ကြီးလမ်း ခရီးသည်တင်ယာဉ် ချောက်ထဲကျ (၇)သေဆုံး၊ (၃)ဦးဒဏ်ရာရ

“ပြီးခဲ့တဲ့ ရှေ့လ တုန်းကလဲ အဲနားမှာ ကားတစ်စီးကျသွားသေးတယ်။အဲတုန်းက (၆)ဦးသေတယ်။ အဲနားက ခဏခဏ မတော်တဆမှုဖြစ်တယ်။ သတိဝီရိယနဲ့ မောင်းဖို့ အကြံပေးချင်တယ်။ အဲအဆင်းက အရမ်းမတ်တော့ ထိန်းရတာ ခက်လို့နေမယ်။” ဟု အဆိုပါ အမျိုးသားတစ်ဦးက အကြံပြုပြောသည်။

ပြီးခဲ့သည့် မတ်လ(၁)ရက်နေ့တွင်လည်း ခရီးသည်တင်ကား တစ်စီးသည် စပါယ်ရှယ်တောင်၊လက်ပံပင်ကွေ့(၁) ပြည်ထောင်စု လမ်းမကြီး တွင် ချောက်ထဲ ကျကာ (၇)ဦးသေဆုံးပြီး (၁၅)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News