Tuesday, January 27, 2026

သျှမ်းလူငယ် ဘောလုံးသမား ထိုင်းနိုင်ငံတော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည်

အသက် ၁၅ နှစ်အရွယ်ရှိ သျှမ်းလူငယ် ဘောလုံးသမား စိုင်းဆိုင်ဟွမ်သည် ထိုင်းနိုင်ငံတော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အရွေးခံလိုက်ရကြောင်း သတင်းရရှိသည်။

စိုင်းဆိုင်ဟွမ်သည် မြန်မာရွှေ့ပြောင်းအလုပ်သမား မိဘ နှစ်ပါးမှ မွေးဖွားလာသူဖြစ်သည်။

လာမည့် မတ် ၂၂-၂၃ ရက်တွင် သူသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ကိုယ်စားပြုအနေဖြင့် အရွေးချယ်ခံရကြောင်း ၎င်း၏ နည်းပြဟောင်းဖြစ်သူ စိုင်းဆိုင်ဝမ်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပြီးခဲ့တဲ့ အပတ်က ထိုင်းနိုင်ငံမြောက်ပိုင်း ခရိုင်အသီးသီးတွေ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ သူတို့အဖွဲ့က အနိုင်ရခဲ့တယ်။ အခု ဘန်ကောက်မှာပြုလုပ်မယ့် နိုင်ငံတော်ဆင့် ဘောလုံးအားကစား ပြိုင်ပွဲမှာ သူတို့အဖွဲ့က ထိုင်းနိုင်ငံမြောက်ပိုင်း ကိုယ်စားပြုအနေနဲ့ သွားပြိုင်ရတော့မှာ” ဟု နည်းပြဟောင်းဖြစ်သူ စိုင်းဆိုင်ဝမ်းက ပြောသည်။

စိုင်းဆိုင်ဟွမ်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နာမည်ကျော်ဘောလုံးသမားတစ်ဦး သာမက အရည်အချင်းရှိသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှ ကိုယ်စားပြုအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

သို့သော် စိုင်းဆိုင်ဟွမ်တွင် ထိုင်းမှတ်ပုံတင်မရှိသဖြင့် ထိုင်းဥပဒေနှင့်အညီ ရေရှည်တွင် ဘောလုံးအားကစားသမားတစ်ဦး အနေဖြင့် ဆက်လက်ပါဝင်ယှဉ်ပြိုင်နိုင်ရေး အခက်အခဲရှိနေကြောင်း ၎င်းက ဆိုသည်။

စိုင်းဆိုင်ဟွမ်သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် Vachiralai ကျောင်းတွင် ကျောင်းတက်နေသည့် ကျောင်သားတစ်ဦးဖြစ်သည့်အပြင် ၂၀၂၀ ခုနှစ် ဘောလုံးအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၎င်းတို့အဖွဲ့သည် ပထမရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News