Tuesday, January 27, 2026

မျောက်ကျောက်ရောဂါ ထိုင်းနိုင်ငံအထိ ကူးစက်ပျံ့နှံ့လာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြည်သူ့ကျန်းမာရေး ကမ္ဘာ့အရေးပေါ် အခြေအနေ ကြေညာထားသည့် မျောက်ကျောက်ရောဂါ (Monkey Pox) ဖြစ်ပွားမှုသည် ထိုင်းနိုင်ငံအထိ ကူးစက်ပျံ့နှံ့လာသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက (ဩဂုတ်လ ၂၁ ရက်)တွင် ထုတ်ပြန်ကြေညာထားသည်။

အာဖရိကတိုက် ကွန်ကိုနိုင်ငံက ပြန်လာသည့် အသက် (၆၀)နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးတွင် Mpox ရောဂါ ကူးစက်ခံထားရပြီး လူနာ၏ ရောဂါလက္ခဏာ အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

အိမ်နီးချင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်မှု ၊ သေဆုံးမှုရှိကြောင်း မြန်မာနိုင်ငံတွင်း ရောဂါကူးစက်မှု မရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်နေသည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးက ဆိုထားပါသည်။

မျောက်ကျောက်ရောဂါဖြစ်သည့်ပုံ

ရောဂါကူးစက်သူ တွေ့ရှိခဲ့သော ထိုင်းနိုင်ငံက လုပ်ငန်းခွင်အချို့တွင် လက်ပုံမှန်ဆေး၊ နှားခေါင်းစည်းမက်စ် Mask ပုံမှန်တပ်ခိုင်းတာတွေ လုပ်ဆောင်နေပြီလို့ ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးက ပြောဆိုထားသည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

မျောက်ကျောက်ရောဂါ

မျောက်ကျောက်ရောဂါ ကူးစက်ခံရသူသည် ဖျားနာ၊ ခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခဲမှု၊ အရေပြားတွင် အဖုအပိန့်နှင့် အကျိတ်များ ထွက်ပေါ်လာခြင်း စသည့် လက္ခဏာများ ဖြစ်တတ်ပြီး လိင်ဆက်ဆံခြင်း၊ အရေပြားချင်း နီးနီးကပ်ကပ် နေထိုင်ထိတွေ့ခြင်းမှ ကူးစက်နိုင်ပြီး တိရစ္ဆာန်မှတဆင့် လူကိုလည်း ကူးစက်နိုင်ကြောင်း သိရသည်။

မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ရောဂါကာကွယ်ရေးကို အချိန်နှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံဖြတ်ကျော် ဝင်ပေါက်ထွက်ပေါက်များတွင် ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရေး စောင့်ကြပ်ကြည့်ရှုသွားမည်ဟု ဩဂုတ်လ ၁၉ ရက် နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောဆိုထားခဲ့သည်။

သို့သော် ကိုဗစ်-၁၉ ရောဂါပြင်းထန်နေသည့် ၂၀၂၁ ခုနှစ်အတွင်း စစ်တပ်မှ အရပ်သားအစိုးရထံ အဓမ္မ အာဏာသိမ်းပြီးနောက် နေရာအနှံ့ ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံသည် မျောက်ကျောက်ဖြစ်လာလျှင် မထိန်းချုပ်နိုင်မည်ကို ပြည်သူများ စိုးရိမ်နေကြသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News