Tuesday, January 27, 2026

ထိုင်းကွန်ဒိုများ ပြည်တွင်း၌ ရောင်းချသူနှင့် ဝယ်ယူသူကို ဖမ်းဆီး၊ ဒေါ်လာ ရောင်းဝယ်သူများ ထွက်ပြေးနေရ

ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများအား ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ပြပွဲပြုလုပ် ရောင်းချသူနှင့် ဝယ်ယူသူများကို ဖမ်းဆီးလိုက်ပြီး၊ နိုင်ငံခြားငွေ ရောင်းဝယ်သူများကိုလည်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ယနေ့ (ဇွန်လ ၃ ရက်) ညပိုင်းက ထုတ်ပြန်သည်။

ရန်ကုန်မြို့ အခြေစိုက် Minn Thu ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းကျော်သူ တို့ကို ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများ ပြည်တွင်း၌ တရားမဝင် ရောင်းချမှုဖြင့် ဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

၎င်းတို့သည် ခွင့်ပြချက် မရှိဘဲ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ အရောင်းပြပွဲ ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများက ပေးချေသည့် မြန်မာကျပ်ငွေများကို ထိုင်းနိုင်ငံသို့ တရားမဝင် ဟွန်ဒီ လုပ်ငန်းများမှ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲသည်။

ထို့အပြင် Minn Thu ကုမ္ပဏီမှ ရောင်းချခဲ့သည့် ကွန်ဒိုတိုက်ခန်းများ ဝယ်ယူထားသည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့ ၃ ဦးကို ထိုင်းနိုင်ငံရှိ ဘဏ်များတွင် တရားမဝင် ဘဏ်စာရင်း ဖွင့်လှစ်မှု၊ တိုက်ခန်းဖိုး ငွေကြေး တရားမဝင် လွှဲပြောင်းမှုတို့ဖြင့် အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများ အွန်လိုင်းမှ ရောင်းချနေသည့် ကုမ္ပဏီများနှင့် ဝယ်ယူသူများအား ဆက်လက် အရေးယူမည်ဖြစ်၍ ပြည်သူများ သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် စစ်ကောင်စီက နှိုးဆော်သည်။

အလားတူ ဒေါ်လာဈေး တရှိန်ထိုးတက်မှု အကြောင်းပြချက်ဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်သူများကို စစ်ကောင်စီက ဖမ်းဆီးလျက်ရှိရာ လူ ၁၄ ဦးကို ထပ်မံ ဖမ်းဆီး စစ်ဆေးနေပြီး ၁၁ ဦး ထွက်ပြေး တိမ်းရှောင်နေကြောင်း စီကောင်စီက ဆိုသည်။

ယင်းသို့ ဖမ်းဆီးရာတွင် တရားဝင် လိုင်စင်ရ ငွေလဲလှယ်ရေး လုပ်ငန်းပိုင်ရှင်များလည်း ပါဝင်နေပြီး ငွေကြေး စေျးကွက် အတွင်း အရောင်းအဝယ် လုပ်နေသူ အားလုံးနီးပါး ထွက်ပြေးနေရကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။

“မနေ့ကတည်းက ဖမ်းနေတာ။ အကုန်ပြေးနေပြီ။ နောက်ရက်တွေ ဘာဖြစ်မလဲတော့ မသိဘူး။ ဒီနေ့ ဝယ်ချင်တဲ့ လူတွေ အရမ်းများတယ်၊ ဒါပေမယ့် စျေးကွက်ပျက်နေတော့ ဝယ်လို့မရဘူး။ ရောင်းသူကတော့ မရှိလောက်ဘူး” ဟု ငွေကြေးစျေးကွက်နှင့် နီးစပ်သူက မှတ်ချက်ပြုသည်။

ယမန်နေ့ကလည်း နိုင်ငံ့စီးပွားရေး မငြိမ်မသက် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေဈေးနှုန်း ဆွဲတင်ခဲ့သည့် ဟုဆိုကာ ရွှေကုန်သည် ၂၁ ဦးအား ဖမ်းဆီးစစ်ဆေးပြီးနောက် နာမည်ကြီး ရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်နှင့်အကယ်ဒမီ အပါအဝင် ရွှေဆိုင် ပိုင်ရှင် ၇ ဦးနှင့် ပွဲစား ၃ ဦး ထွက်ပြေး တိမ်းရှောင်နေသဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News