Wednesday, January 28, 2026

လက်နက်သံကြား ပင်လုံမြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်တွင် မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲ ပြုလုပ်ကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ပင်လုံမြို့တွင် ယနေ့ ‌ဖေဖော်ဝါရီလ ၂၂ ရက်၌ (၃၈) ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်လှူပွဲ ပြုလုပ်နေသည်။

“ဒါတွေက အစကတည်းက စီစဉ်ထားတာပါ။တိုက်ပွဲတွေ အသံတွေ လက်နက်ကြီးသံတွေတော့ မနေ့က ညအသံတွေကြားရတယ်။နှစ်စဥ်လုပ်လာတဲ့ ဆွမ်းဆန်တော်လောင်းလှူပွဲပါ ”‌ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) ညအချိန်က လွိုင်လင်ခရိုင် ပင်လုံမြို့ အနောက်ဘက်တွင် နေထိုင်သည့် ပြည်သူများမှ မိုင်းပွန်မြို့အဝင် တပ်ကုန်းရှိ စစ်ကောင်စီတပ် ခမရ-၅၁၇ က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးသံများကို စတင်ကြားခဲ့ရကြောင်း ပင်လုံမြို့ ဒေသခံများက ပြောသည်။

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောရှိ ဟိုပုန်း၊မိုင်းပွန်၊လွိုင်လင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက်အထိ မိုင်းပွန်မြို့ရှိ တံတားတွင် ကားလမ်းများ ယာယီပိတ်ထားပြီး ကားအများအပြားခံနေပြီး ဒေသခံများလည်း စိုးရိမ်နေရပြီး၊ လက်နက်ကြီး သံများလည်း ကြားနေရကြောင်း ‌ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News