Thursday, April 25, 2024

၃ နှစ်ကျော်ကာလအတွင်း “ ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်း “ ၁၆၀ နီးပါးရှိ

Must read

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်ကတည်းစပြီး (၃) နှစ်ကျော်ကာလအတွင်းမှာ “ ဖိုဝါဒလွှမ်းမိုးသေား စကားဝိုင်း “ စုစုပေါင်း ၁၆၀ နီးပါးရှိထားကြောင်း စုံစမ်းသိရသည်။

“ ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်း “ ဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) နှင့် The Salween Institute (SI) တို့ပူးပေါင်းပြီး ချင်းမိုင်မြို့ Lan Din Café တွင် ယမန်နေ့ (မတ်လ ၅ ရက်မှ ၇ ရက်အထိ) ၃ ရက်သာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

Panel watch

ထို ဓာတ်ပုံပြပွဲအတွင်းတွင် စကားဝိုင်းများ၏ ဓာတ်ပုံများ၊ ပိုစတာများကို ခင်းကျင်းပြသထားပြီး “ ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ “ ကျင်းပခြင်း ရှောင်ကျဉ်နိုင်ရန် လမ်းညွှန်ချက်များ၊ နည်းနာများ၊ အကြံပြုချက်များကိုလည်း အသေးစိတ်ရှင်းပြထားကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး နန်းမို့မို့က ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။

“ ဒီနေ့ ဓာတ်ပုံပြပွဲက Panel discussion ပွဲမဟုတ်သလို manner discussion ပွဲမဟုတ်ပါဘူး။ ဒီကနေ့ ထူးခြားတာတစ်ခုက ကျမတို့ ဓာတ်ပုံပြပွဲ မှာ ပါဝင်နေတဲ့ အမျိုးသားတွေတချို့ ဒီပွဲကို ကိုယ်တိုင်လာရောက်တာ တွေ့ရပါတယ်။ ဒီဓာတ်ပုံမှာပါဝင်တဲ့ အမျိုးသားတွေ၊ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ပံ့ပိုးပေးနေတဲ့ လူတွေကို အရှက်ရဖို့အတွက် လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ အဓိက ဆွေးနွေးပွဲမှာ အမျိုးသမီးပါဝင်မှုက ဘယ်လောက်ထိ အရေးကြီးလဲဆိုတာကို ထည့်တွက်စဉ်းစားဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ “ ဟု နန်းမို့မို့က ပြောသည်။

ဖိုဝါဒ လွှမ်းမိုးသည့် စကားဝိုင်းများသည် ဒီမိုကရေစီ ထွန်းကားသော အသိုင်းအဝန်းအတွက် အမှန်တကယ် အချက်အချာကျသည့် ဗဟိုဝါဒထွန်းကားမှုနှင့် ပြည့်စုံကောင်းမွန်သော ဆွေးနွေးပွဲများအတွက် အဟန့်အတားဖြစ်နေသည်။

Panel watch

ဖိုဝါဒ လွှမ်းမိုးသည့် စကားဝိုင်းများသည် အမျိုးသမီးများကို လုံးဝဖယ်ကျဥ်လစ်လျူရှုခြင်းအားဖြင့် ဖိုဝါဒ နှင့် လိင်အခြေပြု ခွဲခြားမှုများကို ဆက်လက်သက်ဆိုးရှည်နေစေသည်။

ထိုပြပွဲအထဲတွင် စုစည်းမှတ်တမ်းတင်ထားသည့် “ ဖိုဝါဒ လွှမ်းမိုးသော စကားဝိုင်းများ” ၏ ဓာတ်ပုံများ၊ ပို့စတာများကို ခင်းကျင်းပြသသည့်အပြင် ယင်းစကားဝိုင်းများကိုကျင်းပခဲ့သည့် အဖွဲ့အစည်းများနှင့် ကူညီပံ့ပိုးပေးခဲ့သည့် အလှူရှင်အဖွဲ့အစည်းများကိုပါ လက်လှမ်းမှီသလောက် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ထိုရှက်ဖွယ်ကောင်းသည် “ ဖိုဝါဒလွှမ်းမိုးသည့် စကားဝိုင်းများ”ကို စီစဥ်သူများ၊ပါဝင်သူများနှင့် နောက်ကွယ်မှ ပံ့ပိုး ကူညီသူများ ဆင်ခြေဆင်လက် ရှင်းလင်းချက်များ အကြောင်းပြချက်များကိုလည်း စုစည်းတင်ပြထားသည်။

ဖိုဝါဒ စကားဝိုင်းအချို့၏ အကြောင်းပြချက်များမှာ “ တော်လှန်ရေးကာလမှာ တော်လှန်ရေးကို အာရုံစိုက်ပါ။ တော်လှန်ရေးပြီးမှ ဒီအရေးကို ဆက်လုပ်ရမှာ” “ သတင်းမီဒီယာကို ဒီလို စည်းကမ်းမျိုးတွေ လိုက်ထုတ်တာ သတင်းမီဒီယာကို ထိခိုက်တယ်။ အမျိုးသားတွေချည်း ပြောရမယ့်ကိစ္စကို အမျိုးသမီးတွေ မကသေးဘူး၊ မသန်းစွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ LGBT တွေကို အင်တာဗျူးထည့်လုပ်ခိုင်းတော့ ရှုပ်ကုန်မှာပေါ့ “ ဆိုသည့် အကြောင်းပြချက်တွေကိုလည်း ပြပွဲတွင် တွေ့ရသည်။

ထိုပြပွဲကိုတက်ရောက်လာခဲ့သည့် ကိုအောင်စိုးမင်းက “ အခုကိစ္စအမျိုးသမီး ပါဝင်မှုကို စဉ်းစားမယ်ဆိုရင် စကားဝိုင်းတွေဆွေးနွေးမယ်၊ စီစဉ်မယ်ဆိုရင် အမျိုးသမီးကို ရနိုင်သမျှအရင်ဆုံးစဉ်းစားဖိတ်လို့ရတယ်။ အမျိုးသမီးတွေ မအားရက်ဘူးဆိုသည့် ကိစ္စသည် တစ်ယောက်မအားရင် နောက်တစ်ယောက်ပြောလို့ရတယ်။ ထိုနည်းတူစွာ အမျိုးသား၊ သမျိုးသမီး မျှတခြင်းအားဖြင့် သဘောသဘာဝအရ အမျိုးသားတစ်ယောက်အမြင်နဲ့ အမျိုးသမီးတစ်ယောက်အမြင်က လုံးဝမတူနိုင်ဘူး။ စီစဉ်သူကတော့ ဒါလေးတွေကို သတိထားနိုင်မယ်ဆိုရင် ကျနော်ထင်တယ် ဒီလို Manel ပြပွဲတွေ တဖြည်းဖြည်းနည်းသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် “ ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အမျိုးသမီးပါဝင်မှု အားနည်းနေသေးလျှင် လူအများပြောသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ခြင်း သည်လည်း မဖြစ်နိုင်ကြောင်း နန်းမို့မို့က ထပ်လောင်းပြောသည်။

Manel Exhibition   ပြပွဲကို အမျိုးသမီးများစုပြီး အမျိုးသားများကို ခြိမ်းခြောက်ရန် မဟုတ်ဘဲ ဖိုဝါဒ ကြီးစိုးမှုကို တိုက်ဖျက်ရန်၊ ကျား – မ တန်းတူညီမျှရေးကို ဝိုင်းဝန်းအဖြေရှာရန် အတူလက်တွဲကြရန် သာဖြစ်ကြောင်း ပွဲစီစဥ်သူများက ထုတ်ပြန်ပြောဆိုထားသည်။

Leave a Comments

- Advertisement -spot_img

Latest article