Friday, April 19, 2024

ပထမဆုံး သျှမ်းသံဃာတော် ဘန်ကောက်မြို့ မဟိဒေါလ်တက္ကသိုလ် Ph.D ဘွဲ့ရ

Must read

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် မှ သျှမ်းသံဃာတော် ဒေါက်တာ အရှင်ပညာဘောဂ ဟိန်းဆိုင်သည် ဘန်ကောက်မြို့ မဟိဒေါလ်တက္ကသိုလ်မှ Ph.D ဘွဲ့ကို သျှမ်းသံဃာတော်များအနက် ပထမဆုံးတစ်ပါးအဖြစ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဆရာတော်ဒေါက်တာဟိန်းဆိုင် သည် “သစ္စသင်္ခေပကျမ်း” ဘာသာ ကိုလေ့လာ၊ သုတေသန ပြုပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟိဒေါလ်တက္ကသိုလ်မှ Ph.D ဘွဲ့ ကို ဆွတ်ခူးခဲ့ပါသည်။ အဆိုပါ ပါရဂူဘွဲ့အတွက် ဆရာတော်သည် အချိန် (၈) နှစ်ခန့် လေ့လာကျမ်းပြု ဖြေဆိုမှုပြုခဲ့ရကြောင်း သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ဒေါက်တာ အရှင်ပညာဘောဂ ဟိန်းဆိုင်

“ ဒီ ဘွဲ့ကို ရဖို့အတွက်က အခက်အခဲတွေလည်း အများကြီးရှိခဲ့တယ်။ အချိန်လည်း အများကြီး အသုံးပြုရတယ်။ ဒါမဲ့ အခု “သစ္စသင်္ခေပကျမ်း” ကို သုတေသန ပြုပြီးသားကို ပြန်ကြည့်မယ်ဆိုရင် ဘယ်သူ မှ အင်္ဂလိပ်ဘာသာ ပြန်ထားတာ မရှိဘူး။ အစကတည်းကလည်း ဒီဘာသာကို လေ့လာရင် အရမ်းခက်မယ်ဆိုတာလည်း သိထားတယ်။ စာတွေအများကြီး ဖတ်ရတယ်။ တစ်ချို့ အချက်လက်တွေဆိုရင် ဆွီဒင်က တက္ကသိုလ် စာကြည့်တိုက်ကနေတစ်ဆင့် လေ့လာရတယ်” ဟု ဒေါက်တာ အရှင်ပညာဘောဂက မိန့်ကြားသည်။

ထိုင်းဘုရင် ကျူလာလုံးကွန်းမင်းမြတ်လက်ထက်က စတင်တည်ဆောက်ခဲ့ပြီး ဘုရင် ဘူမိဘောလက်ထက်တွင် အဆင့်မြင့်မွမ်းမံခဲ့သည့် နှစ်ပေါင်း ၁၃၀ ကျော်ကြာရှိ မဟိဒေါလ်တက္ကသိုလ်တွင် အဆိုပါ “သစ္စသင်္ခေပကျမ်း” ဘာသာကို Ph. D ဘွဲ့အထိ ကျမ်းပြုခဲ့သူမှာ ဒေါက်တာ အရှင်ပညာဘောဂ ဖြစ်ကြောင်း ဆရာတော်က ထပ်မံ မိန့်ကြားသည်။

“ တစ်ခုဂုဏ်ယူဖို့ ကောင်းတာက ဒီ မဟိဒေါလ်တက္ကသိုလ်ဖွင့်လာကတည်းက သံဃာတော်တွေထဲမှာ ဒီ “သစ္စသင်္ခေပကျမ်း” Ph.D ကိုလာယူတာက ဆရာတော်က ပထမဆုံးဖြစ်တယ်တဲ့။ အဲ့နေ့သွားယူတာတော့ ပထမဆုံးဖြစ်တယ်လို့ပြောတယ် ” ဟု ထပ်မံ မိန့်ကြားသည်။

အရှင် ပညာဘောဂသည် အောက်တိုဘာ ၁၄ ရက်နေ့က ဘန်ကောက်မြို့ မဟိဒေါလ် တက္ကသိုလ်တွင် Ph.D ဘွဲ့ကို လက်ခံရယူခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article