နိုင်ငံရေး ရုပ်ပြောင် ကာတွန်းဆရာ ဟန်လေး ကွယ်လွန်

နာမည်ကြီး နိုင်ငံရေး ရုပ်ပြောင်ကာတွန်းဆရာ ပီဟန်လိတ် (ခေါ်) ဟန်လေး သည် ယနေ့ (ဖေဖော်ဝါရီ ၉)ရက် မွန်းလွဲ ၃နာရီကျော်မှာ သျှမ်းပြည် တောင်ကြီးမြို့ မှာ ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

ကာတွန်း ဆရာ ဟန်လေး ဟာ ၁၉၆၅ခုနစ်မှာ သျှမ်းပြည် တောင်ကြီးမြို့နယ် နောင်မွန်ကျေးရွာမှာ မွေးဖွားခဲ့သူတဦး ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၅၇)နှစ်ရှိပြီကြောင်းသိရပါတယ်။

ဆရာဟန်လေး က ပန်းချီပညာကို ၁၉၈၂ခုနစ် က ရန်ကုန် ပန်ချီ ပန်ပု အနုပညာကျောင်း တွင် တက်ရောက်သင်ကြားခဲ့ သူတဦးလည်း ဖြစ်ပါတယ်။

၁၉ ၈၈ ခုနစ်မှာတော့ ကာတွန်းဟန်လေး ဟာ တော်လှန်ရေး နယ်မြေ သို့ ရောက်ရှိကာ ၁၉ ၈၈ခုနစ် နောက်ပိုင်းမှာ ပြည်ပ နိုင်ငံ ကနေ နိုင်ငံရေး ကာတွန်းတွေကို တစိုက်မတ်မတ် ရေးဆွဲခဲ့ပြီး နိုင်ငံရေး သရော်ကာတွန်းတွေကို စတင်ရေးဆွဲခဲ့ ပါတယ်။

ကာတွန်း ဆရာ ဟန်လေး ဟာ မြန်မာနိုင်ငံ နိုင်ငံရေး ကာတွန်း ရုပ်ပြောင် ပညာကြောင့် ၂၀၁၀ ခုနစ်မှာအမေရိကန် နိုင်ငံ နယူးရောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က စာပေ အနုပညာရှင် တွေကို ချီးမြှင့်တဲ့ Hellme/Hammett ဆု ကို ဆွတ်ခူးရရှိသူလည်းဖြစ်ပါတယ်။

ဆရာဟန်လေးရဲ့ နိုင်ငံရေး ရုပ်ပြောင် စာအုပ် (၃)အုပ်ထုတ်ခဲ့တဲ့အပြင် ကလေးကာတွန်းတွေကိုလည်း ရေးဆွဲခဲ့ပါတယ်။

ဆရာဟန်လေး ဟာ ၂၀၁၄ ခုနှစ်မှာတော့ ထိုင်းနိုင်ငံကနေ သျှမ်းပြည် ကို ပြန်ရောက်လာပြီး နိုင်ငံရေး ကာတွန်းတွေကို နောက်ဆုံးအချိန်ထိ ရေးဆွဲခဲ့ပါတယ်။

လက်ရှိမှာတော့ ဇနီး နဲ့ သားတစ်ဦး နဲ့ သမီးတစ်ဦး ကျန်ရှိခဲ့ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News