Tuesday, February 3, 2026

သံလွင်သွေးချင်းသတင်းဌာန မှ အမျိုးသမီးသတင်းထောက် ၃ ဦးဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အခြေစိုက်ထားသည့် သံလွင်သွေးချင်း သတင်းဌာန မှ အယ်ဒီတာချုပ် နှင့် သတင်းထောက် ၂ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

သံလွင်သွေးချင်အယ်ဒီတာချုပ် ဒေါ်မြဝန်းရံနှင့် သတင်းထောက် နန်းခင်ဘုန်းသွယ်၊ မဆုမြတ်နိုးတို့ကို ယမန့်နေ့ ဇူလိုင် ၂၀ ည ၇ နာရီတွင် ရှမ်းကွင်းရပ်ကွက်ရှိနေအိမ်၌ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“ မနေ့ညက ဖမ်းဆီးခံရတာ။ သူတို့နေအိမ်ထဲဝင်ဖမ်းသွားတာ။ ဒေါ်မြဝန်းရံနဲ့ သူ သမီး ၂ ယောက်ဖမ်းသွားတာ။ သူသမီး ၂ ယောက်လဲ သတင်းထောက်တွေပဲ။ ရဲတွေအများနဲလာဖမ်းသွားတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ဖမ်းဆီးခံသွားရပြီး လက်ကိုင်ဖုန်း၊ ကင်မရာ၊ Laptop ကွန်ပျူတာ များကိုပါ စစ်ကောင်စီမှ ယူဆောင်သွားကြောင်း သိရသည်။

“ သူတို့လာဖမ်းသွားပြီးတော့ လက်ကိုင်ဖုန်းတွေပါယူသွားတယ်။ ဖုန်း နဲ့ ကွန်ပျူတာ ပါသွားတယ်။ ပြီးတော့ ကင်မရာကော ယူသွားတယ်လို့ပြောတယ်။ ကင်မရာက ၄ လုံးယူသွားတယ်။ သူတို့က ကျန်းမားရေးသိပ်မကောင်းကြဘူး။” ဟု သံလွင်သွေးချင်း သတင်းသမာများနှင့် နီးစပ်သူက ပြောသည်။

ထိုသို့ဖမ်းဆီးသွားပြီး လက်ရှိအချိန်တွင် မည်သည်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မသိရှိရသေပေ။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်နယ်တွင်သတင်းထောက် ၈ ဦး မှာ ကမ္ဘောဇ သတင်းဌာန မှ နန်းနန်းတိုင်း၊ နန်းဝင်းရီ၊ စိုင်းစည်သူနှင့် ဦးတင်အောင်တို့ ဖြစ်ပြီး တာချီလိတ် သတင်းဌာန မှ အလုပ်သင်သတင်းထောက်လုပ်ခဲ့ဖူးသည့် ကိုကျော်ဇင်ဟိန်း ကိုလည်း လက်ရှိ အချိန်ထိဖမ်းဆီးထားသည်။

စစ်အာဏာသိမ်းပြီးနောက် သတင်းအမှောက်ချရန်အတွက် စစ်ကောင်စီမှ သတင်းဌာန( ၇) ခုကို သတင်းထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပြီး သတင်းထောက်များကို ဖမ်းဆီးမှု ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News