Tuesday, February 3, 2026

စစ်ကောင်စီ ပြန်လွှတ်ပေးသည့် သျှမ်းပြည်နိုင်/ကျဉ်းများ ခံဝန်ထိုးရ

သျှမ်းပြည် တဝှမ်း စစ်ကောင်စီမှ ပြန်လွှတ်ပေးသည့် နိုင်ငံရေး အကျဉ်းသား (၃၆) ဦးသည် ခံဝန်ကတိထိုးပြီး ပြန်လွှတ်လာကြောင်း သတင်းရရှိသည်။

ယနေ့ ဇွန် (၃၀) ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ခန့် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား အမျိုးသား (၁၅) ဦး နှင့် အမျိုးသမီး (၄) ဦး စုစုပေါင်း (၁၉) ဦး တို့ကို ခံဝန်ကတိ လက်မှတ်ရေးထိုးပြီး လွှတ်ပေးခဲ့ကြောင်း ပြန်လွှတ်လာသည့် သူတစ်ဦး၏ မိသားစုဝင် က ပြောသည်။

“ခံဝန်လက်မှတ်ထိုးလာရတယ်။ ဒီလို အဖြစ်မျိုး ထပ်မဖြစ်အောင်ဆိုပြီး ခံဝန်ထိုးရတယ် ” ဟု အကျဉ်းထောင်မှာ သွားရောက်စောင့်ကြိုသည့် ပြည်သူ တစ်ဦးကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ တောင်လေးလုံး အကျဉ်းထောင်မှာလည်း အမျိုးသား (၁၇) ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့သိရတော့ အများကြီး မျှော်လင့်ထားတယ်။မပါလာတော့ ပြင်းပြင်းထန်ထန် ခံစားရတာပေါ့” ဟု တောင်လေးလုံးမှာ သွားရောက်စောင့်ကြိုသည့် မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယနေ့ လွှတ်လာသည့်သူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေး တွင်ပါဝင်လှုပ်ရှားသည့် သူများဖြစ်ပြီး၊ စစ်ကောင်စီ မှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရသည့် နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြောင်းသိရသည်။

ယနေ့ စစ်ကောင်စီမှ လွတ်ပေးသည့် နိုင်ငံရေး အကျဉ်းသားထောင် အသီးသီးမှာ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ နိုင်ငံရေး အကျဉ်းသား (၁၀)ဦးကျော်ရှိကြောင်း သိရသည်။

စစ်ကောင်စီ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် ယနေ့ထိ စစ်ကောင်စီက လူငယ်များ ဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီးခြင်းများ ရှိသော်လည်း ပြည်သူများ အုပ်ချုပ်ခွင့် မပေးဘဲ နည်းမျိုးစုံဖြင့် ဆန့်ကျင်ဆန္ဒပြနေကြောင်း သတင်းရရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ(၁) ရက်မှ ဇွန် (၂၉ ) ရက်ထိ စစ်ကောင်စီသည် ပြည်သူ (၅၂၂၄) ဦးအား ဖမ်းဆီးချုပ်နှောင်ထားပြီး ထိုအထဲမှ (၂၂၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News