Monday, May 6, 2024

သျှမ်းလူ့အခွင့်အရေးနေ့ ဖယောင်းတိုင်းမီးထွန်းပြီး ကမ်ပိန်းပြုလုပ်မည်

Must read

စစ်အာဏာရှင်မှ သျှမ်းပြည်သူလူထုကို ရက်စက်စွာ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့တာ နှစ်ပေါင်း ၂၄ နှစ်ကြာ ရှိခဲ့ပါပြီ။

၁၉၉၇ ဇွန်လ ၁၆ ရက်နေ့မှာ ဖက်ဆစ်စစ်တပ်ရဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် သျှမ်းပြည်ရှိ ကွန်ဟိန်း မြို့နယ် ကျိုင်းလုံရွာမှာ ရွာသူ/ရွာသား ၂၇ ယောက် နှင့် ဆိုင်ခေါင်ရွာသား ၂၉ ဦးတို့သည် မြန်မာ့ တပ်မတော် အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

လူမဆန်သည့် ဖက်ဆစ်စစ်တပ်တို့ရဲ့ လုပ်ရပ်ကို မမေ့မလျာ့နှင့်တော်လှန်တိုက်ထုတ်ကာ မတရားခံ ခဲ့ရတဲ့ သျှမ်းပြည်သူများ တရားမျှတ မှုရှိစေရေးအတွက် သျှမ်းပြည် ညီညွတ် ရေးကော်မတီ CSSU မှတစ်ဆင့် ကွန်ဟိန်းမြို့ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းခံ ရသည် ဇွန်လ ၁၆ ရက်နေ့ကို သျှမ်းအမျိုးသားလူ့အခွင့်အရေးနေ့ အဖြစ် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ သတ်မှတ်ခဲ့သည်။

ယနေ့ ( ဇွန် ၁၆) ရက်သည် သျှမ်းလူ့အခွင့်အရေးချိုးဖောက်ခံရမှု (၂၄) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် သျှမ်းကျောင်းသားလူငယ်များနှင့် ပြည်သူထူတို့ ပူးပေါင်းပြီး ယနေ့ည (၇)နာရီမှာ ဖယောင်းတိုင် ဆီမီးထွန်းသည့် ကမ်ပိန်းလှုပ်ရှားမှုကို ပြုလုပ်ကြမည်။

“ဗမာ့စစ်တပ်ရဲ့ လူမဆန်တဲ့အပြုအမူတွေကို ကျနော်တို့မေ့မပစ်ဘူး၊ ဒါကြောင့်ဒီနေ့မှာ အသက်ဆုံးရှူံးသွားခဲ့ရ တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ ကွန်ဟိန်းပြည်သူတွေကိုအောက်မေ့ဆုတောင်းပေးတဲ့ လှုပ်ရှားမှုအနေနဲ့ ကျနော်တို့ TSU က ဖယောင်းတိုင်လေးတစ်ချောင်းနဲ့ ဆီမီးထွန်းတဲ့ ကမ်ပိန်းပြုလုပ်ပါမယ်” ဟုသျှမ်းကျောင်း သားများ သမ္မ၈မှ ဗဟိုကော်မတီတစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြောသည်။

တရားမျှတမှုနှင့် လူ့အခွင့်အရေးကိုတန်ဖိုးထား ပြသသည့်အနေဖြင့် ပြည်သူများအားလုံး သျှမ်းကျောင်းသားများသမဂ္ဂ နှင့်အတူ ဖယောင်းတိုင်မီးထွန်းကာ စစ်တပ်တို့၏ နိုင်ထက်စီးနင်း လူ့အခွင့်အရေးချိုးဖောက်မှု များကို မမေ့ကြောင်းပြသရန် လည်း မျှော်လင့်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိအခြေအနေများကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲများ၏ တွေ့ရာမရှောင် ရက်ရက်စက်စက် တိုက် ခိုက်မှုကြောင့် သျှမ်းပြည်သာမက မြန်မာပြည်သူများက အစားငတ်မွတ်မှုဒဏ်၊ ရောဂါဘေးဒဏ်၊ တိုက်ပွဲဒဏ်များကြောင့် လူအများအပြားအသက်ဆုံးရှုံးရမယ့်အန္တရာယ်မျိုး ရောက်နေကြောင်းကိုပြည်သူများမျက်မြင် ကိုယ်တွေ့နေပြီးဖြစ်သည်။

“အခုဆိုလည်း အာဏာသိမ်းတဲ့ စစ်သားတွေကိုယ်တိုင်က အရပ်သားအယောင်ဆောင်ပီး ဆူပူအောင်ဖန်တီးမှု တွေပြုလုပ်ခဲ့တယ်၊ ဓားထိုးမှုတွေနဲ့ အဖွဲ့လိုက် ဝိုင်းရိုက်တာတွေကျူးလွန်ခဲ့ပါတယ်၊ ဒီလိုမျိုးတွေဟာ ကျမတို့ တိုင်းရင်းသားတွေနှစ်ပေါင်း (၇၀)ကျော်ခံ စားခဲ့ရတာပေါ့၊ ဒါဟာစစ်တပ်ရဲ့ယုတ်မာမှု မဟုတ်ပါဘူးလို့ ဘယ် သူငြင်းရဲလဲ” ဟုသျှမ်းလူငယ် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နှစ်ပေါင်းများစွာကြာခဲ့ပေမယ့် အခုလိုမျိုး ရက်ရက်စက်စက်နှိပ်စက်ခံခဲ့ရတဲ့အဖြစ်အပျက်များ ယခုထက်တိုင် ရှိနေသေးသလို ကိုယ့်ပြည်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတဲ့အတွက် တရားမျှတမှုသည်လည်း ပျောက်ဆုံးနေဆဲပဲ ၊ဒါတွေကို အမြဲအမှတ်ရနေဖို့ TSU ကလုပ်တဲ့ ဖယောင်းတိုင်မီးထွန်းတဲ့ ကမ်ပန်းမှာပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါ တယ်” ဟုသျှမ်းလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယနေ့ ကျရောက်သည့် သျှမ်းအမျိုးသားလူ့အခွင့်အရေးနေ့တွင် သျှမ်းကျောင်းသားများ သမဂ္ဂ (TSU) အနေဖြင့် သျှမ်းနိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ တိုင်းရင်းသား များအားလုံး စည်းလုံးညီညွတ်ရန်၊ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ သွေးစည်းကြရန်၊ စစ်ဘေးရှောင်တိုင်းရင်းသားများကို စာနာဖေးမကူညီရန်နှင့် တိုင်းရင်းသားများအားလုံးအတူ တကွလက်တွဲပြီး စစ်ကောင်စီကို တော်လှန်တိုက်ထုတ်ရန်လည်း လိုအပ်ကြောင်းလည်း ပြောဆိုတိုက်တွန်းထား သည်။

Leave a Comments

- Advertisement -spot_img

Latest article