Thursday, January 29, 2026

နမ့်လန် အမျိုးသား (၁)ဦး မိုးကြိုးပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ် အနီးတွင် တောင်ယာလုပ်နေသော အမျိုးသား (၁) ဦး မိုးကြိုးထိမှန် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ မေ (၂၄) ရက် ည (၄) နာရီကျော်အချိန်တွင် (၁၉) နှစ်အရွယ်ရှိ လူငယ်နှစ်ဦး တောင်ယာ လုပ်နေစဉ် မိုးကြိုးထိမှန်ပြီး ဆေးရုံပို့ဆောင်စဉ်အတွင်းတဦးသေဆုံးကာ တဦး ဆေးဆက်လက်ကုသနေကြောင်း သတင်းရရှိသည်။

“ကျနော်တို့ ဆေးရုံသွားမယ့် လမ်းပေါ်မှာပဲ ကားပေါ်ဆုံးသွားတယ်။ ဒီနေ့ သဂြိုလ်မယ်လို့ပြောတယ်။” ဟု ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ ယမန်နေ့တွင် နမတူမြို့တွင်လည်း မိုးကြီးလေကြီး တိုက်ခတ်သဖြင့် ဒေသခံပြည်သူများ၏ နေအိမ်ခေါင်မိုးများ ပွင့်ထွက်သွားခြင်းများရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စာရင်းပြုစု စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News