Saturday, January 31, 2026

စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မည့် ပြစ်မှု ၂၃မျိုးတွင် သတင်းမီဒီယာ ပါဝင်

စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မည့် ပြစ်မှု ၂၃ မျိုး တွင် သတင်းမီဒီယာ လည်း ပါဝင်ကြောင်း စစ်ကောင်စီက ယနေ့ (မတ် ၁၅) ထုတ်ပြန်ကြေညာလိုက်သည်။

ထို ၂၃ မျိုးတွင် နိုင်ငံတော် သစ္စာ ဖောက်ဖျက်ပုန်ကန်မှု (ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၂) ၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု (ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-က) ၊စစ်တပ် သို့မဟုတ် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်း၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း (ရာဇသတ်ကြီးဥပဒေ ၁၂၄-ဂ) ၊ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း (ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-ဃ) တို့ ပါဝင်သည်။

ဆက်လက်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ၊ အစိုးရ ဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့်စေခြင်း သွေးထိုးလှုံ့ဆော်ခြင်း မမှန်သတင်းများဖြန့်ခြင်း (ပုဒ် ၅၀၅-က) နှင့် သတင်းမီဒီယာအခန်းကဏ္ဍလည်း ထည့်သွင်းပါဝင်ကြောင်း သိရသည်။

ထို့အပြင် မတရားအသင်း အက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရ ပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိန်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ခုနှစ်၊ အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများကိုလည်း စီရင်မည်ဟု ကြေညာထားသည်။

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေအရ ပြစ်မှုများ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေအရ ပြစ်မှုများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပြစ်မှုများလည်း ပါဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News