Wednesday, January 28, 2026

လားရှိုးမြို့အရှေ့ဘက် ကျေးလက်ကျောင်းသူတဦး ၆ ဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကျေးလက်ကျောင်းသူတဦး ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ကြောင်းသိရသည်။

ဟတ်ကာကျေးရွာ မှ ၆ ဘာသာဂုဏ်ထူးရှင် နန်းမြစိန်

ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်သော ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထုတ်ပြန်ရာတွင် လားရှိုးမြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ ဟတ်ကာကျေးရွာတွင်နေထိုင်သည့် ကျောင်းသူ နန်းမြစိန် အသက် ၁၆ နှစ်သည် ဘာသာစုံဂုဏ်ထူးဖြင့် နှစ်ချင်းပေါက်အောင်မြင်ခဲ့ကြောင်းသိရသည်။

ကျမ စာမကြိုးစားရင် ထူးထူးချွန်ချွန်နဲ့မအောင်မြင်ရင် မိဘတွေလိုဘဲ လယ်ယာထဲပြန်ဆင်းရမယ်။ ကျမ ထူးချွန်ပေါက်မြောက်အောင်မြင်ရင် ကျမတို့ကျေးလက်သူတွေ အနာဂတ်တိုးတက်မှု ရရှိမယ်။ အကောင်းဆုံးဖြစ်စေချင်ပါတယ်။ ကျမ ဆရာဝန်ဖြစ်ချင်ပါတယ်။ ဆရာဝန်ဖြစ်ရင် ကျမတို့ရွာသားတွေကို ဆေးကုပေးချင်တယ်။ မရှိဆင်းရဲသားတွေကို အခမဲ့ဆေးကုပေးမယ်လို့ ဆန္ဒရှိပါတယ်။ – ဟု ၆ ဘာသာဂုဏ်ထူးရှင် နန်းမြစိန် ကသျှမ်းသံတော်ဆင့်အားပြောသည်။

နန်းမြစိန်သည် လားရှိုးမြို့အရှေ့ဘက် ဟိုနားကျေးရွာအုပ်စု ဟတ်ကာကျေးရွာနေ လုံးစိုင်းထွန်းနှင့် ပါ့နန်းညွန့်တို့၏ သမီးဖြစ်ပြီးမောင်နှမ ၃ ဦးရှိပါသည် ။ လားရှိုးမြို့ အထက ၄ တွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News