Thursday, April 25, 2024

တနှစ်ကျော်ပိတ်ထားသည့် မြကန်သာပန်းခြံ အဆင့်မြှင်တင်ဖို့ ကုမ္ပဏီ ၄ ခုမှ လုပ်ခွင့် အဆိုတင်

Must read

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် တနှစ်ကျော်ကြားပိတ်ထားသည့် မြကန်သာ ပန်ခြံကို အဆင့်မြှင့်တည်ဆောက်ရန် အတွက် ကုမ္ပဏီ ၄ ခု မှ သျှမ်းပြည် အစိုးရထံ လုပ်ခွင့် အဆိုတင်ခဲ့ကြကြောင်း သိရသည်။

ပန်းခြံကို အဆင့်မြှင့်တည်ဆောက်ရန် အတွက် ယနေ့ (ဇန်နဝါရီ ၂၉ ရက်) မနက် ၁၀ နာရီအချိန်တွင် တောင်ကြီး မြို့တော်ခန်းမတွင် မြို့နယ်စည်ပင်သာယာရေးဌာနပိုင်းကို စိတ်ဝင်စားမှု အဆိုပြုလွှာ Expression of Interest( EOI) ကို ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက် စစ်ဆေးခဲ့ကြောင်း သိရသည်။


“ တချိန်က တောင်ကြီးသူ/သားတွေ တန်းဖိုးထားတဲ့ မြကန်သာ ပန်းခြံကို ဧည်သည်တွေကော၊ အိမ်ရှင်တွေကော အနားယူလို့ရအောင် ပြီးတော့ လည်ပတ်စရာ ပန်းခြံအဖြစ် အဆင့်မြှင့် တင်ပေးသွားမှာ ဖြစ်တယ်” ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး စိုးညွှန့်လွင်၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။


အဆိုပါ ယနေ့တွင် လာရောက် မြကန်သာပန်းခြံကို အဆင့်မြှင့်တည်ဆောက်ရာတွင် အဆိုပြုတင်သွင်းခဲ့သည့် ကုမ္ပဏီ ၄ ခုမှာ Win Win Win ကုမ္ပဏီ၊ Cherry Queen ကုမ္ပဏီ၊ ပြည့်အောင်ထိပ်တန်း ကုမ္ပဏီ၊ ရွှေသုန္နရီ ကုမ္ပဏီ တို့ လာရောက် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။


မြကန်သာ ပန်းခြံကို လုပ်ပိုင်ခွင့်ရမည့် လုပ်ငန်းရှင်များသည် ဟိုတယ်ကြီးများ၊ ပန်းခြံကြီးများ ပေးဆောက်မည် မဟုတ်ကြောင်း၊ အုတ်တံတိုင်းများကို ဖြိုပြီး ယခင်က တောင်ကြီးသူ၊ တောင်ကြီးသားများ အမြတ်တနိုး တန်ဖိုးထားသည့် ရေထွက်များနှင့် မြကန်သာကို ပြန်လည်ပြီး သဘာဝပတ်ဝန်းကျင် ကို မထိခိုက်သည့် စနစ်ဖြင့် ပြည်သူများအနားယူ နိုင်အောင် ဆောင်ရွက်သွားမည် ဟု ဦးစိုးညွန့်လွင် က ပြောသည်။


လက်ရှိအချိန်ထိ မြကန်သာ ပန်းခြံ အဆင့်မြင့်တည်ဆောက်ရန် အတွက် မည့်သည် ကုမ္ပဏီရရှိထားသည်ကို မသိရှိသေးပေ။


ယနေ့ပြုလုပ်သည့် EOI အဆိုပြုလွှာအရ မြကန်သာ ပန်းခြံ အဆင့်မြင့်တင်ပြီးပါက လူကြီး တဦးလျှင် (၁၀၀၀)ကျပ်နှင့် ကလေး (၅၀၀)ကျပ်နှုန်း ဖြင့် ဝင်ကြေး ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


မြကန်သာပန်းခြံ မြေဧရိယာ ၇. ၅၈၄ ဧက ကျယ်ဝန်းပြီး အဆင့်မြှင့်တည်ဆောက်ရန် ၁၀၀ ရာခိုင်နှုန်း ရင်နှီးမြှပ်နှံရန်အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာတင်ပြဖို့ နိုဝင်ဘာ ၃ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့ထိ ကြောငြာခေါ်ယူခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article