Tuesday, January 27, 2026

သျှမ်းပြည်အတွင်း အသုံးပြုမည့် ကမ္ဘာဘဏ်ချေးငွေ ဒေါ်လာ ၂၂၅သန်း စီမံကိန်းရပ်ဆိုင်းထားပေးရန် တိုင်းရင်းသားများတောင်းဆို

သျှမ်းပြည်အတွင်း အသုံးပြုမည့် ကမ္ဘာဘဏ်၏ ဒေါ်လာ ၂၂၅ သန်း စီမံကိန်းအား ရပ်ဆိုင်းထားပေးရန် Shan State Ethnic Youth Federation (SSEYF) တိုင်းရင်းသားများအဖွဲ့မှ တောင်းဆိုလိုက်သည်။


ကမ္ဘာဘဏ်မှ “ ငြိမ်းချမ်းသာယာ စည်ပင်သော ရပ်ရွာ အသိုင်းအဝန်းများ တည်ဆောက်ရေး” စီမံကိန်း မှ အသုံးပြုမည့် ဒေါ်လာ ၂၂၅သိန်း နှင့် စပ်လျဉ်းသည့် သဘောတူညီချက်များနှင့် လုပ်ငန်းအပေါ် သျှမ်းပြည်ရှိ တိုင်းရင်းသား အဖွဲ့အစည်းများ က စိုးရိမ်နေကြောင်း Shan State Ethnic Youth Federation က ယမန်နေ့(ဇန်နဝါရီ ၂၇)ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။


Shan State Ethnic Youth Federation သည် သျှမ်းပြည်အတွင်းရှိ အဖွဲ့အစည်းများ တိုင်းရင်းသားလူငယ်များဖြစ်သည့် သျှမ်း၊ လားဟူ၊ အာခါ၊ အင်းသား၊ ဝ ၊ ကိုးကန့်၊ တောင်ရိုး၊ ကယန်း၊ ကချင်၊ ပအိုဝ်း၊ တအာင်း၊ ဓနုစသည့် တိုင်းရင်းသားတို့ ပါဝင်ကြောင်းသိရသည်။


မြန်မာနိုင်ငံ၊ သျှမ်းပြည်နယ်တွင် ပြုလုပ်မည့် ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၂၂၅ သန်း စီးမံကိန်းအား ဖက်ဒရယ် အခြေခံနိုင်ငံရေးအရ အဖြေမရှာနိုင်သေးသည့် ကာလတွင်မပြုလုပ်ဘဲ ရပ်ဆိုင်းထားလိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


ကမ္ဘာဘဏ် ၂၂၅သန်း စီမံကိန်းသည် ယခင်တွင် ကရင်၊ ကရင်နီ နှင့် မွန်ပြည်နယ်များတွင် ကနဦးလျားထာပြီး ဒေသခံ အဖွဲ့အစည်းများနှင့် လက်နက်ကိုင် အဖွဲ့များ က လက်မခံဘဲ ငြင်းပယ်မှုကြောင်း သျှမ်းပြည်ဘက်သို့ ရောက်ရှိလာသည့် စီမံကိန်း တခုဖြစ်ကြောင်း စိုင်းအောင်မြင့်ဦး (ရှေ့နေ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။


တိုင်းရင်းသားများသည် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေသောကြောင်း နှစ်ပေါင်း (၇၀)ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ ကြာရှည်စွာဖြစ်ပွားသည့် နိုင်ငံတခုဖြစ်သည်။


လက်ရှိ အချိန်တွင် ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းနေဆဲ ကြားကာလလည်းဖြစ်သည်။


မြန်မာနိုင်ငံ၏ အဓိက ပြဿနာ သည် နိုင်ငံရေး ပြဿနာ ဖြစ်သည့်အလျောက် နိုင်ငံရေး ပြဿနာ အားနိုင်ငံရေး အရ ဦးစွာ ဖြေရှင်း ရန် လိုအပ်ပြီး၊ နိုင်ငံရေးနည်းအရ ဖြေရှင်းရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်ဗဟိုဦးစီးချုပ်ကိုင်မှုဖြင့် ကမ္ဘာ့ဘဏ် အဖွဲ့သည် အထက်ပါ စီးမံကိန်း အားဖော်ဆောင်မည်ဆိုပါက ပဋိပက္ခ ကို ပိုပြီး ဦးတည်နိုင်ပြီး၊ ငြိမ်းချမ်းရေး နှင့် အလှမ်းဝေးစေကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ အခုလာမည့်စီမံကိန်းကလည်း နိုင်ငံရေးအရ ဖယ်ဒရယ်ကျတယ်ဆိုတဲ့ ပုံစံမျိုးလဲမရှိဘူး။ ငြိမ်းချမ်းရေးက ဘယ်လိုပုံစံမျိုးသွားမလဲဆိုတာ အခက်ခဲတွေ တွေ့ကြုံနေရတုန်းဘဲ။ ဒီလိုခြေနေမျိုးမှာက စီးပွားရေး၊ ဖွံ့ဖြိုးရေးကထက်လာမယ်ဆိုရင် ကျနော်တို့စိုးရိမ်တာက တိုက်ပွဲတွေ ပဋိပက္ခတွေ ပြန်ပြီးရာက်လာနိုင်တဲ့ အခြေနေမျိုးကို ရောက်လာမှာဆိုလို့ ဒါသတိပေးတဲ့ ရည်ရွယ်တခုပါတယ်” ဟု ပအိုဝ်းလူငယ် အစည်းအရုံး (PYO) မှ ခွန်ဦးကပြောသည်။


ထို့အပြင် ဖွံ့ဖြိုးရေး နောက်ကွယ်တွင် မြေယာအဓမ္မသိမ်းဆည်းမှုများ၊ သယံဇာတ တူးဖော်ထုတ်လုပ်အသုံးပြုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ လူမှုရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာထိခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နေရပ်ရွှေ့ပြောင်းခံရမှု စသည့် ကိစ္စရပ်များကို တိုင်းရင်းသားပြည်သူများ ဒုက္ခရောက်စေပြီး လူတစု ကောင်းစားသွားရသည့် အခြေအနေများလည်း ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။


မြန်မာနိုင်ငံသည် ဖက်ဒရယ်စနစ် နိုင်ငံရေး အာမခံချက်မှ တဆင့် ငြိမ်းချမ်းရေး ကို ဦးတည်နိုင်ပြီးမှ သာလူထုအခြေပြု ဖွံ့ဖြိုးရေး စီမံကိန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News