Thursday, January 29, 2026

တောင်ကြီး သျှမ်းသုတေသနစင်တာ အတွင်းရေးမှူး ဆရာ လုံးစိုင်းခမ်းစင့် ကွယ်လွန်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သျှမ်းသုတေသနစင်တာ အတွင်းရေးမှူး ဆရာ လုံးစိုင်းခမ်းစင့် သည် ယနေ့( ဇန်နဝါရီ ၁၁ )မနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဆရာ လုံးစိုင်းခမ်းစင့်သည် အသက် ၈၃ နှစ် ရှိပြီး ယနေ့ မနက် ပိုင်း ၇ နာရီ ၄၅ မိနစ် အချိန်တွင် ၎င်းနေအိမ်တွင် ၉ ၆ပါးရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။

“ ဒီနေ့ မနက်ပိုင်းအချိန်မှာပဲ ဆုံးသွားတာပါ။ ဆရာက ကျောက်ကပ် သိပ်မကောင်းပါဘူး။ ဆေးရုံ ခဏခဏ တက်နေရပါတယ်။ သွေးတိုးလည်း ရှိတယ်။ အသက်ကြီးရောဂါနဲ့ပဲ ကွယ်လွန်တာပါ။ အိမ်မှာပဲဆုံးသွားတာပါ” ဟု ပီနွမ်းမိုက ပြောသည်။

ဆရာ လုံးစိုင်းခမ်းစင့်၏ ရုပ်အလောင်းကို မနက်ဖန် ဇန်နဝါရီ ၁၂ ရက်နေ့တွင် သဂြိုလ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာ လုံးစိုင်းခမ်းစင့်သည် ကျောင်းဆရာတဦးဖြစ်ပြီး အသက် ၆၀ တွင် အ.ထ.က (၅) ကျောင်းတွင် အငြိမ်းစားယူလာခဲ့ပြီး သျှမ်းပြည် လူထု အသိုင်းအဝိုင်းတွင် စတင်ကျင်လည်ခဲ့သည်။

ဆရာသည် တောင်ကြီမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း နာယက၊ (The Centre for Tai Studies) တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု မဂ္ဂဇင်း အလုပ် အမှုဆောင်ကော်မတီ ဥက္ကဌ(The Journal of Tai Studides) ရှမ်းသုတေသနစင်တာတွင် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။


ဆရာလုံးစိုင်းခမ်းစင့် ဆုံးပါးချိန်တွင် သား၊သမီး (၄)ဦး ကျန်ရစ်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News