Saturday, January 31, 2026

သိန္နီမြို့နယ်တွင် SNLD အပြတ်အသတ် အနိုင်ရ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မဲဆန္ဒနယ် အားလုံးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အပြတ်အသတ် အနိုင်ရရှိသွားကြောင်း စုံစမ်းသိရှိရသည်။

သိန္နီမြို့နယ် အမျိုးသားလွှတ်တော်နေရာတွင် SNLD ပါတီမှ နန်းမွန်းစိန်၊ ပြည်သူ့လွှတ်တော်နေရာတွင် SNLD ပါတီမှ စိုင်းကျော်မိုး ၊ သိန္နီမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) မှ နန်းခင်ထားရီ ၊ သိန္နီမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ဦးပွမ်ဝမ်း တို့ အနိုင်ရရှိသွားကြောင်း သိရသည်။

“၄ နေရာ စလုံး သိန္နီမြို့နယ်အခြေအနေ အားလုံးကောင်းတယ်။ မဲရုံကိုယ်စားလှယ်ထားပြီး အကြမ်းပေါင်းထားတာ။ ကော်မရှင်တော့ အတည်မပြုသေးဘူး ” ဟု သီန္ဒီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) နန်းခင်ထားရီ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သိန္နီမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးမျိုးထက်အောင် မှ “လက်ရှိအခြေနေကတော့ ရလဒ်မသိရသေးပါဘူး။ စာရင်းပြုစုနေတုန်းမလို့ပါဗျ။”ဟု ပြောသည်။

ထို့ကြောင့် သိန္နီမြို့နယ်မဲဆန္ဒနယ် (၄) နေရာသည် SNLD မှ အနိုင်ရရှိသွားသော်လည်း လက်ရှိချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ( UEC) မှ တရားဝင် မကြေညာသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News