Thursday, January 29, 2026

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ တန် ငွေစက္ကူ သျှမ်းမြောက်တွင် စတင်ထုတ်ပေး

ဗိုလ်ချုပ်အောင်ဆန်း ပုံပါသည့် ကျပ် ၅၀၀ တန် ငွေစက္ကူကို သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ပင်စင်စားများအား ယနေ့ ဇူလိုင် ၂၁ ရက်တွင် စတင်ထုတ်ပေးနေကြောင်း သိရသည်။

ထို ဗိုလ်ချုပ်အောင်ဆန်း ပုံ ပါ ငွေစက္ကူသည် ယခုနှစ် အတွင်း ၂ကြိမ်ထုတ်ဝေခဲ့ရာ ပထမအကြိမ်သည် ပြီးခဲ့သည် ဇန်နဝါရီ ၇ ရက် တွင် ငွေစက္ကူ ၁၀၀၀ တန်ထုတ်ဝေခဲ့ပြီး၊ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ဒုတိယအကြိမ် ငွေစက္ကူ ၅၀၀ တန်ကို ထုတ်ဝေခဲ့သည်။

နဝတ နအဖ စစ်အစိုးရလက်ထက်ကတည်းက ဖျောက်ဖျက်ခံထားရသည့် ဗိုလ်ချုပ်အောင်ဆန်း ပုံပါ မြန်မာ ငွေစက္ကူကို လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တွင် ပြန်လည်ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံ ပါ ငွေစက္ကူထုတ်ခြင်းသည် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြောင်း၊ ထို့ပြင် ယခု အစိုးရ ထုတ်သည့် ငွေစက္ကူပုံတွင် ပြည်ထောင်စု ဟူသည့် စာလုံး မပါရှိသည့်အတွက်လည်း တိုင်းရင်းသားပြည်သူများက ပြည်ထောင်စု ကင်းမဲ့နေသည့် ငွေစက္ကူ ဟုလည်း မှတ်ချက်ပြုလာကြသည်။

“ ဒီငွေက ပြည်ထောင်စု ဆိုတဲ့စကားလုံး မပါလာဘူး။ ဒီနိုင်ငံက တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်တဲ့နိုင်ငံပါ။ အခုလိုလုပ်လာတာ ဘာသဘောလည်းဆိုတာ စဉ်းစားစရာ” ဟု လားရှိုး မြို့တွင်နေထိုင်သည့် စိုင်းအေး က ပြောသည်။

ပြည်သူလူထု တချို့တဝက်မှာလည်း့ ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် ငွေစက္ကူသည် ယခင် စစ်အာဏာရှင် လက်ထက်က ထုတ်ဝေသည့်ခြင်္သေ့ပုံပါ ငွေစက္ကူနှင့်စာလျှင်တော့ သာလွန်ကြောင်း၊ နိုင်ငံတကာတွင်လည်း ငွေစက္ကူပေါ် နိုင်ငံ့ခေါင်းဆောင် ပုံသာ ထည့်သွင်းရိုက်နှိပ်ထားကြကြောင်း ဝေဖန်ပြောဆို နေကြသည်။

“ ခြင်္သေ့ ပုံထက်စာရင်တော့ ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်တာ ပိုသဘောကျတယ်။ နိုင်ငံရဲ့ခေါင်းဆောင် ကို ပေါ်လွင်စေတယ်” ဟု ယနေ့ လားရှိုးတွင် ပင်စင်လစာထုတ်သူ တဦးက ပြောသည်။

မြန်မာနိုင်ငံတော် ဘဏ်မှ ထုတ်ဝေသည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူ၏ အရွယ်အစားမှာ အလျား ၁၃၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာ ရှိပြီး၊ နီညိုရောင် ငွေစက္ကူပေါ်တွင် “ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ” ဟု ရိုက်နှိပ်ထားသည်။

ထိုငွေစက္ကူ ၏ နောက်ကျောဘက်ပါ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အဆောက်အဦးပုံ အရှေ့တွင်လွှင့်ထားသည့် အလံမှာမူ အနီရောင်ဖြစ်နေသည့်အပေါ် ပြည်သူလူထု က လူမှုကွန်ရက်တွင် ဝေဖန်မှုပြုနေကြပါသည်။

ဆက်စပ်သည့်သတင်း https://burmese.shannews.org/archives/17195

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News