Saturday, April 20, 2024

ကော်တိုင်း သျှမ်းပညာရေးအဖွဲ့အစည်း တည်ထောင်ခြင်း ၁၉ နှစ်ပြည့်အခမ်းအနား ကာလိတွင်ကျင်းပ

Must read

ကော်တိုင်း သျှမ်းပညာရေးအဖွဲ့အစည်း တည်ထောင်ခြင်း ၁၉ နှစ်ပြည့်အခမ်းအနားတရပ်ကို သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲရှိ အမျိုးသားကောလိပ်တွင် ကျင်းပရာ တက်ရောက်သူလူဦးရေစုစုပေါင်း ၃၀၀ ရှိကြောင်းသိရသည်။

ကာလိမြို့နယ်ခွဲတွင်ကျင်းပသောကော်တိုင်း သျှမ်းပညာရေးအဖွဲ့အစည်း တည်ထောင်ခြင်း ၁၉ နှစ်ပြည့်အခမ်းအနား

အဆိုပါအခမ်းအနားတွင် ကော်တိုင်းအမျိုးသားကောလိပ်မှအကြီးအကဲများ ဆရာ ဆရာမ များ က ကော်တိုင်းပညာရေးအဖွဲ့ ဖြစ်ပေါ်လာပုံ၊ ကော်တိုင်းကောလိပ်၏လုပ်ငန်းများကိုရှင်းပြရာ အခမ်းအနားတက်ရောက်သူများက ပြန်လည်မေးမြန်းမှု ၊ ဖြေကြားမှုများရှိခဲ့ကြောင်းသိရသည်။

ကော်တိုင်းကောလိပ်မှ ဒါရိုက်တာ စိုင်းဖုန်းခေါင်က -“ အမျိုးသားရေး၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးဟာအဓိကဘဲ။ ငွေကြေးချမ်းသာကြွယ်ဝ ပြီး ပညာမရှိရင် သူများကိုဘယ်တော့မှမှီနိုင်မှာမဟုတ်ဘူး။ မကြာခင်မှာဘဲကိုယ့်အမျိုးသားရေးပျောက်ကွယ်သွားမှာဘဲစိုးရိမ်ရတယ်။ ဒါကြောင့် မိဘပြည်သူလူထုကို တခုတိုက်တွန်းချင်ပါတယ်။ ကိုယ့်သားသမီးမြေးမြစ်တွေကိုပညာရေးမှာ မြှင့်တင်အားပေးကြပါ။ ”- ဟု ပြောဆိုသည်။

ကော်တိုင်းပညာရေးအဖွဲ့အား ၁၉၉၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပါသည်။ သျှမ်းလူငယ်ထုအား ပညာရေး၊ နိုင်ငံရေး၊ ပြန်ကြားရေး၊ လူမှုရေး၊ အင်္ဂလိပ်စာနှင့်စကားပြော ၊ အခြေခံကွန်ပြူတာ၊ ဒေသဖွံ့ဖြိုးရေးတို့တွင် ပို့ချမြှင့်တင်ပေးခဲ့ပြီး သျှမ်းလူငယ်များ နိုင်ငံတကာသို့တက္ကသိုလ်များဆက်လက်သင်ကြားခွင့်ရရေး ကူညီဆောင်ရွက်ပေးခဲ့သည်။ မိခင်အဖွဲ့အစည်းထံပြန်လာပြီးကူညီမှုပေးနေသည့် ဘွဲ့ရလူငယ် ၃၀ ခန့်ရှိပါကြောင်း၊ လက်ရှိတွင် အမျိုးသားကျောင်းအား ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ ၊ သီပေါမြို့နယ် မိန်းခေးအုပ်စုနှင့် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်တို့တွင် ဖွင့်လှစ်ထားကြောင်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article