Friday, January 30, 2026

နှစ်စဉ်ကျင်းပသည့် ကျိုင်းတုံ စော်ဘွားဈေး လာလည်ပတ်သူနည်းပါး

တနှစ်တကြိမ် စည်ကားစွာကျင်းပသည့် ကျိုင်းတုံ စော်ဘွားဈေး လာရောက် လည်ပတ်မှု နည်းပါးကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

Photo by Ngurn Kham / Facebook

ကျိုင်းတုံစော်ဘွားဈေး(သို့မဟုတ်) ဈေးဟောင်းနေ့ ကို တပေါင်းလဆုတ်ရက် “မဂဏန်း” ရက်ကောင်းကို ရွေးချယ်ကျင်းပရာ ယခုနှစ် မတ် ၁၆ ရက်နေ့တွင်ကျရောက်ခဲ့သည်။

ယခုနှစ် စော်ဘွားဈေးကို မြို့မဈေး နှင့် ယခင်ဈေးဟောင်းဖြစ်သည့် စော်ဘွားသင်္ချ ိုင်း နေရာတွင် ပြုလုပ်ခဲ့သည်။

ယခင်နှစ်များတွင် မြို့မဈေးပိတ်ကာ စော်ဘွားသင်္ချ ိုင်းရှိသည့်နေရာတွင်သာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

“ ဒီနှစ်တော့ ၂ နေရာ ခွဲလုပ်တယ်။ တနေရာဆိုရင် လူတွေ အရမ်းများရင် ခိုရိုနာ ဗိုင်းရပ်စ်ကြောက်ရတယ်။ ဒါပေမယ့် ဈေးလာတဲ့သူတွေကတော့ အရင်နှစ်လို မရှိဘူး။ မနက်ကဆို လာတဲ့သူ မရှိသလောက်ပါပဲ” ဟု ကျိုင်းတုံမြို့ ၏ ရပ်မိရပ်ဖ စိုင်းဆမ် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ိုခိုရိုနာဗိုင်းရပ် ကြောင့် ဈေးဟောင်းနေ့ ကို လာကြသည့် ပြည်သူများ နည်းပါးကြောင်း၊ လက်ရှိမှာ အဆုတ်ရောင် ကူးစက်မြန် ရောဂါကြောင့် ပြည်သူများ လူစုလူဝေး များ မပြုလုပ်ရန်လည်း သက်ဆိုင်ရာက ကြေညာထားကြောင်းသိရသည်။

“ ဒီနှစ်တော့ ကျိုင်းတုံမှာ သင်္ကြန်လည်း မကျင်းပတော့ဘူး ” ဟု စိုင်းဆမ် က ထပ်လောင်းပြောသည်။

ယခုနှစ် စော်ဘွားဈေးတွင် ပစ္စည်း များလာရောင်းသည့် ဈေးသည်များလည်း မရှိသကဲ့သို့ ဈေးဝယ်သူများလည်း မရှိကြောင်း ကျိုင်းတုံ ဒေသခံစိုင်းငယ်က ပြောသည်။

“ အရင်က ကြိတ်ကြိတ်တိုးတဲ့ စော်ဘွားဈေး၊ ဒီနှစ်တော့ ဝယ်သူရောင်းသူ မရှိတဲ့ဈေးဖြစ်နေတယ်။ ဗိုင်းရပ်စ်က ကူးစက်မြန်တော့ လူများတဲ့နေရာ မလာရဲတာလည်း ပါမယ်” ဟု စိုင်းငယ်က ဆိုသည်။

ထိုဈေးနေ့ကို ကျိုင်းတုံမြို့ စတည်ထောင်သည့် စော်ဘွားကြီး “ စဝ်ကွမ်းကျောက်အင်းထလျန်” လက်ထက် ကတည်းက စတင်တည်ရှိခဲ့သည်။

လွန်ခဲ့သည့် ၁၉၃၀ ခုနှစ် တွင် စော်ဘွားကြီး “ စဝ်ကွမ်း ကောက်အင်းထလျန်” က ဈေးဟောင်းနေရာတွင်ဈေးရောင်းရန် အတွက် နေရာပေးသဖြင့် လက်ရှိ မြို့မ ဈေးနေရာ ကို ပြောင်းရွှေ့ရောင်းချစေခဲ့သည်။

အဆိုပါ ဈေးဟောင်းနေ့ နှစ်ပေါင်း ၈၀ ကျော်တိုင် နှစ်စဉ် ကျင်းပလာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News