Tuesday, May 7, 2024

မူဆယ်မြို့ လမ်းမီးတိုင်များ မီးမလင်းမှုကြောင့် ဒုစရိုက်သမားများ ပိုများနေ

Must read

သျှမ်းပြည် မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင်းရှိ လမ်းမီးတိုင်းများ မီးမလင်းသည်ကို ဒုစရိုက်သမားများ အခွင့်ကောင်းယူကာ ခိုး၊လုယက်မှုများပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

Photo by ထုန့်ဟွေ့လီ

မူဆယ်မြို့လယ်ခေါင် လမ်းမီးတိုင် ၄၀ ကျော်ရှိသည့် အနက် ၂တိုင် တာ မီးလင်းကြောင်း၊ ထိုသို့ လမ်းမီးတိုင် ပျက်စီးမှု ကို အခွင့်ကောင်းယူကာ  ဒုစရိုက်သမားများ မကြာခဏ ခိုး၊လုယက်မှုများ ပြုလုပ်ကြောင်းလည်း မူဆယ်မြို့ဒေသခံ စိုင်းလျန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ပြည်ထောင်စု လမ်းမပေါ် ရှိ တဲ့ လမ်းမီးတိုင်တွေ က ကံကော်လမ်းခွဲ ကနေ အလယ်ပေါက် ထိမီးမလင်းဘူး။ တချို့ က ကားတိုက်လို့ ပျက်စီးတာ၊ တချို့ က မီးသီးမရှိတာ၊ တချို့ တိုင်က မီးသီးရှိပြီး မီးမလင်းဘူး” ဟု စိုင်းလျန်း က ဆိုသည်။

ထိုပြည်ထောင်စု လမ်းမပေါ် မီးတိုင်များ မီးမလင်းမှုကို အခွင့်ကောင်းကာ လုယက်မှုများလည်း မကြာခဏ ဖြစ်သည်။

Photo by ထုန့်ဟွေ့လီ

အဆိုပါ လမ်းမီးတိုင်များပျက်စီးနေသည်မှာ တနှစ်ကျော်ကြာသွားသော်လည်း သက်ဆိုင်ရာမှ လာရောက်ပြင်ဆင်ပေးခြင်းမရှိကြောင်း လည်း စိုင်းလျန်း က ထပ်လောင်းပြောသည်။

“ လမ်းမီးက ပျက်နေတာကြာပြီ၊ မြို့ထဲ လမ်းမ မီးပျက်တာ မသိသာပေမယ့်။ ဆေးရုံ ကနေ စပြီးတော့ တရုတ်ပြည်ဘက် သွားတဲ့လမ်းတလျောက်ဆို မှောင်သွားပြီ။ အဲ့ဘက်မှာ နေ့တိုင်း လုယက်မှုဖြစ်တယ်” ဟု မူဆယ်မြို့ ဈေးရပ်ကွက် နေထိုင်တဲ့ စိုင်းဆမ် က ပြောသည်။

Photo by ထုန့်ဟွေ့လီ

မူဆယ်မြို့လယ်ခေါင် လမ်းမီးတိုင်များ မလင်းသည့်အတွက် မြို့ အင်္ဂ ါရပ်နှင့်လည်း မညီကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ များအနေဖြင့် လမ်းမီးတိုင်များ အမြန် ပြန်လည် ပြင်ဆင်ပေးစေလိုကြောင်း၊လမ်းမီးတိုင်များ မပြင်ဆင်ပါက မူဆယ်ဒေသခံများ သူခိုး၊ လုယက်မှုများ ပိုများလာနိုင်ကြောင်း လည်း စိုင်းဆမ် က ဆိုသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်ဖြစ်ကာ လက်နက်များ၊ မူးယစ်ဆေးဝါးများ အလွယ်တကူရသည့် ဒေသဖြစ်ပြီး မကြာခဏ ခိုးမှု၊ လုယက်မှုများဖြစ်ပွားသည့်နေရာ လည်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article