Wednesday, January 28, 2026

ပင်လုံ ကျောက်တိုင်ကို မူလ အတိုင်း“ တောင်တန်း ပြည်မ ” ပြန်ပြင်

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့တွင် တည်ရှိသည့် သမိုင်းဝင် ပင်လုံကျောက်တိုင်ပေါ်တွင် ရေးသားထားသည့် စားသားများကို မူလ အတိုင်း ပြန်လည်ပြင်ဆင်ကြောင်း သတင်းရရှိသည်။

Photo by Say Naw/ Facebook

ပင်လုံ ကျောက်တိုင် တွင် “ ပြည်မ တောင်တန်း ပူးပေါင်းရေး စာချုပ်” အစား မူလ စာဖြစ်သည့် “ တောင်တန်း ပြည်မ ပူးပေါင်းရေး စာချုပ်” ကို ယနေ့ (ဇန်နဝါရီ ၁၀) ရက်တွင် ပြန်လည်ပြင်ဆင်နေ ကြောင်း ပင်လုံ ဒေသခံများပြောပြချက် အရ သိရသည်။

“ အရင် ပြည်မ တောင်တန်း စာလုံးကို မူလ“ တောင်တန်း ပြည်မ” အဖြစ် ပြန်ပြင်တာပါ။ ဒီနေ့ ၁နာရီ မှာ စ လာပြင်တာ” ဟု ပင်လုံမြို့ဒေသခံ ဆေနော် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ“ ပြည်မ တောင်တန်း ” အစား မူလစာ “ တောင်တန်း ပြည်မ” ကို ပြင်ဆင်ရန် အတွက် ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် သျှမ်းပြည် လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မိုင်းရှုးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းလင်းမြတ် ရဲ့ ပင်လုံကျောက်တိုင်း မှာ ရေးထိုးထားသည့်ကဗ္ဗည်း မော်ကွန်း ရေးထိုးထားမှုကို မေးမြန်းခဲ့သည်။

Photo by Pu Khar Lai

ထို့ကြောင့် “ ပြည်မ တောင်တန်း” ကို ၇၃ နှစ် မြောက် ပြည်ထောင်စု နေ့ မတိုင်မီ မူလ အတိုင်း ပြန်လည် ပြင်ဆင်သွားမည် ဟု သိရသည်။

“ ကျနော်အခု ပင်လုံ ကျောက်တိုင် ပြင်ဆင်တဲ့နေရာမှာ ရှိပါတယ်။ အဓိကတော့ ပြည်သူတွေကို သမိုင်းမှန်သိစေချင်တယ်။ နောက် သမိုင်းမှန် ဖြစ်စေချင်တယ်” ဟု မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းလင်းမြတ် က ဆိုသည်။

တောင်တန်းက ပြည်မကို သွားပြီး ပူးပေါင်းတာ မဟုတ်ကြောင်း၊ ပြည်မ က တောင်တန်းကို လာရောက် ပူးပေါင်းသည့်အတွက် တောင်တန်း ပြည်မ ဟု သုံးနှုန်းဲ့ကြောင်း လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) နန်းမြထွေး က ပြောသည်။

Photo by Pu Khar Lai

“အခုလို ပြင်တာ ဝမ်းသာပါတယ်။ သမိုင်းမှန်ဖြစ်ဖို့ အတွက် ပြင်စရာတွေ အများကြီးရှိသေးတယ်။ လူငယ်တွေ အနေနဲ့လည်း သမိုင်းမှန် သိဖို့လိုအပ်ပါတယ်” ဟု နန်းမြထွေး က ဆိုသည်။

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့တွင် ရှိသည့် ပင်လုံ ကျောက်တိုင်ကို ၁၉ ၄၇ ခုနစ် ဖေဖော်ဝါရီ ၁၂ ရက် ၌ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် စားပွဲနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ၁၂ပေ တိုင် ရှည်သည့် သပြေတိုင် တခုကို အထိမ်းအမှတ်ဖြင့် တောင်တန်း ပြည်မ ပူးပေါင်းရေး ကျောက်တိုင် ဟု ကမ္ပည်း ရေးထိုးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံကျောက်တိုင် တွင် တောင်တန်း ပြည်မ ပြင်ဆင်တဲ့အပေါ် သျှမ်းလူမှုအသိုင်းအဝန်း ဘာတွေပြောကြလဲ

0
ပင်လုံ ကျောက်တိုင် လို့ အများသိရတဲ့ လွတ်လပ်ရေး၊ ပြည်ထောင်စု အထိမ်းအမှတ် ကျောက်တိုင်ဟာ သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့မှာ တည်ရှိပါတယ်။ သျှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ နဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ပူးပေါင်းပြီး လက်မှတ်ရေးထိုးခြင်းအထိမ်းအမှတ်အဖြစ် ပင်လုံကျောက်တိုင်ကို ၁၉၄၈ ခုနှစ်က သပြေသားနဲ့စိုက်ထူ...