Thursday, January 29, 2026

ထိုင်းရွှေ့ပြောင်း အိမ်ဖော်အလုပ်သမား လူမှုဖူလုံရေး လုပ်ပေးရန် တောင်းဆို

ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသည့် အိမ်ဖော် အလုပ်အကိုင်ကို လူမှုဖူလုံရေး လုပ်ပေးရန် ထိုင်းနိုင်ငံအစိုးရထံတောင်းဆိုသွားမည် ဟု သိရသည်။

 

Photo by SHAN

ထိုင်းနိုင်ငံတွင် လာရောက် လုပ်ကိုင်သူ အများစုသည် အိမ်ဖော် အလုပ်အကိုင်သူများ ဖြစ် ကြ သော်လည်း လက်ရှိ အချိန်ထိ ထိုအလုပ်လုပ်နေသူ များသည် လူမှုဖူလုံရေး မရှိသေးကြောင်း ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် MAP ဖောင်ဒေးရှင်းမှ ထောင်းခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အိမ်ဖော်အလုပ်သမားတွေ လူမှုဖူလုံရေး ကိစ္စတွေမှာ မရသေးဘူး။ ရဖို့ တောင်းဆိုသွားမယ်” ဟု ထောင်းခမ်း က ဆိုသည်။

ဆက်လက်ပြီး အိမ်ဖော် အလုပ်လုပ်ကိုင်သူများသည် ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေ အတိုင်း အကျိုးခံစားခွင့်မရှိသည့် အပြင် သတ်မှတ်ထားသည့် လစာလည်း မရသေးကြောင်း ထောင်းခမ်း က ပြောသည်။

Photo by SHAN

“ အိမ်ဖော်အလုပ်သမား အတွက် ထိုင်းဥပေဒေ အတိုင်း သတ်မှတ်ပေးဖို့ စေချင်တယ်။ ထိုင်းနိုင်ငံဥပဒေ အတိုင်း လစာပေး ချင်တယ်။ နောက် နားရက်လည်း ပေးစေချင်တယ်” ဟု ထောင်းခမ်း က ဆိုသည်။

ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေ အရ ရွှေ့ပြောင်းအလုပ်သမား တဦးလျှင် တရက်လျှင် ထိုင်းဘတ်ငွေ ၃၂၀ (မြန်မာကျပ်ငွေ ၁၆၀၀၀)၊ တလ လျှင် ထိုင်းဘတ်ငွေ ၉၆၀၀ (မြန်မာကျပ်ငွေ ၄၈၀၀၀၀)ဖြစ်ကြောင်း သိရသည်။

သို့ သော် လက်ရှိမှာ ထိုင်းနိုင်ငံတွင် အိမ်ဖော်လုပ်သည့် သူများသည် တလ လျှင် ထိုင်းဘတ် ၇၀၀၀ (သို့မဟုတ်) ၈၀၀၀၀ သာ ရနေကြောင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် အိမ်ဖော်များက ပြောသည်။

Photo by SHAN

“ ကျမတို့ အခုက လစာ က ရတာနည်းတယ်။ အစိုးရ သတ်မှတ် ထားတဲ့အတိုင်းမရဘူး။သူတို့က အလုပ်သိပ်မများတော့ လစာမပေးဘူး။ တလကို ၇၅၀၀ ဘတ် ( မြန်မာငွေ ၃၇၅၀၀၀ကျပ်) တယ်” ဟု ချင်းမိုင်တွင် အိမ်ဖော်လုပ်နေသည့် နန်းလီ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အလုပ်ရှင်များကို အစိုးရ သတ်မှတ်ထားသည့် နှုန်းအတိုင်း အိမ်ဖော်အလုပ်သမားများကို လစာပေးရန် တောင်းဆိုချင်ကြောင်းလည်း နန်းလီက ပြောဆိုလိုက်သည်။

“ တကယ်တော့ အိမ်ဖော်အလုပ်က အခက်ခဲဆုံးပဲ။ ကိုယ်ပိုင်ချိန်ဆိုတာ မရှိဘူး” ဟု နန်းလီ က ပြောသည်။

လာမည့် ရှေ့ နှစ်ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ အစိုးရ အနေဖြင့် အလုပ်သမား လက်မှတ် သက်တမ်းတိုးမှု ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသက်တမ်းတိုးမှု ပြုလုပ်ပေးပါက လွယ်ကူသည့် နည်းဖြင့် အသုံးပြုပေးရန်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုလိုက်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၅)ရက်တွင် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်တွင် MAP ဖောင့်ဒေးရှင်းမှ ဦးဆောင်ကာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သိသင့်သည့် သတင်းအချက်အလက်များပညာပေးမှုများကို ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ၃သန်းခန့်ရှိကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများ၏ စာရင်း အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News