Wednesday, January 28, 2026

ကျားဖြူပါတီ SNDP ၏ ဗဟိုအကြံပေးပုဂ္ဂိုလ် စဝ်ယွန်းပိုင် ကွယ်လွန်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၏ ဗဟိုအကြံပေးပုဂ္ဂိုလ် စဝ်ယွန်းပိုင် အသက် ရ၁ နှစ်သည် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ကျားဖြူပါတီ SNDP ၏ ဗဟိုအကြံပေးပုဂ္ဂိုလ် ကွယ်လွန်သူ စဝ်ယွန်းပိုင်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ၄င်း၏နေအိမ်၌ မတ်လ ၅ ရက်နေ့ ည ၈ နာရီခွဲက ကွယ်လွန်သွား ခဲ့ခြင်းဖြစ်သည်။

စဝ်ယွန်းပိုင်၏ ကျန်ရှိ ရုပ်အလောင်းကို မတ်လ ရ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် တောင်ကြီးမြို့ရှိ တိုင်းရင်းသားပေါင်းစုံသုသာန် ၌ သဂြိုလ်မည်ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ စဝ်မြဝတီ ကပြောသည်။

“မနေ့ညက ရုတ်တရက် နေအိမ်မှာ ဆုံးသွားတယ်။ သူ့မှာ နှလုံးရောဂါ ရှိတာ ၁၀ နှစ်လောက်ရှိပြီ ။ ဆေးလည်း ပုံမှန်သောက်တယ် သွားလာလှုပ်ရှားနိုင်သေးတယ် ” ဟု စဝ်မြဝတီ ကပြောသည်။

စဝ်ယွန်းပိုင်၏နာရေးဖိတ်စာနှင့် ကျားဖြူပါတီ၏ဝမ်းနည်းခြင်းသဝဏ်လွှာ

စဝ်ယွန်းပိုင်ကွယ်လွန်သွားမှုကြောင့် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) အတွက် ကြီးမားသောဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း ကျားဖြူပါတီ အမှုဆောင်အဖွဲ့ဝင် နန်းဝါနု ကပြောသည်။

“ကျမတို့ ပါတီအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ ။ ကျမ လွှတ်တော်ကိုယ်စားလှယ်ဖြစ်အောင် သူပဲ တိုက်တွန်းတာလေ။ မနေ့ နေ့လည် ၁၁ နာရီလောက်က သူ နဲ့ ဖုန်းပြောဖြစ်သေးတယ် ။ ကျမတို့ ပါတီတွင်း ရှေ့ဆက်လုပ်ဆောင်သွားမယ့် အလုပ်တွေ သူ အကြံဉာဏ်ပေးခဲ့တယ်။ သူက ကျမတို့ ပါတီအတွက် များစွာအကြံပေးနိုင်ခဲ့တယ် ” ဟု နန်းဝါနု ကပြောသည်။

စဝ်ယွန်းပိုင် သည် ကျားဖြူပါတီ ဖွဲ့စည်းဖြစ်ပေါ်လာရေးအတွက် များစွာ ကူညီခဲ့သူတစ်ဦးဖြစ်ပြီး သျှမ်းပါတီ ပူးပေါင်းရေးလုပ်ငန်းတွင်လည်း အင်တိုက်အားတိုက် တိုက်တွန်းပေးသူ တစ်ဦးဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News