Wednesday, October 4, 2023

တာချီလိတ်မြို့နယ် ကျပ်သိန်း ၁ဝဘီလီယံ အိုက်စ် ဖမ်းဆီးရမိ

Must read

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် တွင် ကျပ်သိန်း ၁၀ ဘီလီယံ အိုက်စ် မူးယစ်ဆေးများ ဖမ်းဆီး ရမိကြောင်းသတင်းရရှိသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

စက်တင်ဘာ ၁၁ရက်နေ့ မနက် ၈နာရီ ကျော်တွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာ အဝင်လမ်းမပေါ်တွင် အသက် ၄၅နှစ် အရွယ် အိုက်ဝန်း မောင်းလာသည့် ကားပေါ်တွင် ကျပ်သိန်း ၁ဝဘီလီယံ အိုက်စ် မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ မှ မောင်းနှင်းလာသည့် အိုက်ဝန်းကား သည် ဝမ်ပုံ ကျေးရွာ အဝင်လမ်းတွင် မော်တော်ယာဉ်ကား စစ်ဆေးရန် ရပ်ခိုင်းစဉ် မောင်းနှင်းထွက်ပြေးသွားပြီး ဝမ်ပုံ ကျေးရွာ အဝင်မုခ်ဦးကို တိုက်မိရပ်တန့်သွားသည်။

မောင်းနှင်းထွက်ပြေးပြီး မော်တော်ယာဉ်ရပ်တန့်သွားချိန်တွင် သက်ဆိုင်ရာ များက သွားရောက်စစ်ဆေးရာ ဆာလာအိတ်များအတွင်း အိုက်စ် အလေးချိန် ၅၀၀ ကီလို (ဒေသ ကာလပေါက်စျေး ကျပ်သိန်း ၁ဝဘီလီယံ) ကို တွေ့ရှိ သိမ်းဆည်းပြီး ဝမ်ပုံနယ်မြေရဲစခန်း တွင်အမှုဖွင့် အရေးယူထားသည်

ထို့ပြင် စက်တင်ဘာ ၅ရက်နေ့မှ ၈ ရက်နေ့ အထိ တာချီလိတ်မြို့နယ် ကျိုင်းလပ်-တာလေ လမ်းပေါ်တွင် ဘိလပ်မြေ အိတ်ခွံ ဖြင့် ထည့်ထားသည့် ကဖင်း အလေးချိန် ၂၆၅၀ ကီလို ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

စက်တင်ဘာ ၅ရက်တွင် တာချီလိတ်မြို့နယ် ကျိုင်းလပ်- တာလေသွားလမ်းပေါ်တွင် ကဖင်းအလေးချိန် (၁၀၀၀) ကီလို ၊ ဆက်လက်ပြီး ထိုနေရာတွင် ထပ်မံ စစ်ဆေးရန် ပြုလုပ်နေစဉ် ယာဉ်မောင်းထွက်ပြေးသဖြင့် သက်ဆိုင်ရာ မှ သတိပေး ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း ခြေကျင်းဝတ် တွင် သေနတ်ထိမှန်ခဲ့ပြီး ၊ယင်းကားပေါ်တွင် ကဖင်းအလေးချိန် ၉ ၅၀ ကီလို ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

စက်တင်ဘာ ၇ ရက်နေ့ တွင် ကျိုင်းလပ်မြို့နယ် တွင် ဘီလပ်မြေ အိတ်ခွံများဖြင့် ထည့်ထားသည့် ကဖင် အလေးချိန် ၆၇၅ ကီလို ဒေသပေါက်စျေး ငွေကျပ် ၅၄၀၊ စက်တင်ဘာ ၈ ရက်နေ့တွင်လည်း ဘိလပ်မြေအိတ်ခွံဖြင့်ထည့်ထားသည့် ကဖင်း အလေးချိန် ၂၅ကီလို (ဒေသပေါက်စျေး သိန်း ၂၀ )ကို ထပ်မံ သိမ်းဆည်းရမိသည်။

အဆိုပါ ဘိလပ်မြေ ဆာလာအိတ်ဖြင့် မူးယစ်ဆေးဝါး များနှင့် စပ်လျဉ်းပြီး သယ်ဆောင်လာသည့် သူများကို မိုင်းပါလျှိုးနယ်မြေ ရဲစခန်း တွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article