Friday, April 19, 2024

လျှပ်စစ် ဓာတ်အားခ ဇူလိုင် ၁ ရက်မှ စတင်ကာတိုးမြှင့်ကောက်ခံမည်

Must read

အိမ်သုံး နှင့် စီးပွားရေး လုပ်ငန်းသုံး လျှပ်စစ် ဓာတ်အားခ နှုန်းထားများ ကို ဇူလိုင် ၁ ရက် မှ စတင်ကာ မီတာခ ပြင်ဆင် ကောက်ခံသွားမည် ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မှ ထုတ်ပြန်လိုက်သည်။

Credit MOEE website -ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်ကြေငြာသော လျှပ်စစ်မီတာခ ပြင်ဆင်မှု

ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်ကြေငြာသော လျှပ်စစ်မီတာခ ပြင်ဆင်မှု ကို ကြည့်လိုက်ပါက ယူနစ်အလိုက် ယခင် ထက် ပိုတိုးမြှင့်ကောက်ခံထားပါသည်။

နေအိမ်သုံး မီတာခသည် ယူနစ် ၃၀ အထိ တယူနစ်လျှင် ၃၅ ကျပ် ကျသင့်ပြီး၊ ယူနစ် ၅၀ အထိ သုံးစွဲပါက တယူနစ်လျှင် ၅၀ ကျသင့်မည်ဖြစ်ကာ ယူနစ် ၁၀၀ အထိ သုံးစွဲပါက တယူနစ်လျှင် ၉၀ ကျပ်ပေးဆောင်ရမည် ဟု ကြေညာချက်တွင် ရေးသားထားသည်။

ထို့ပြင် ယူနစ် ၂၀၀ အထက် သုံးစွဲလျှင် တယူနစ်လျှင် ၁၂၅ ကျပ် ကောက်ခံသွားမည် ကိုလည်း ရေးသားထား သည်။

လက်ရှိ ထုတ်ပြန်ချက် နှင့် ပတ်သက်ပြီး မီတာခ သည် ယခင်က ထက် ၂ ဆကျော် ပိုဆောင်ရမည်ဟု ပြောဆိုနေကြသည်။

Credit MOEE website -ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်ကြေငြာသော လျှပ်စစ်မီတာခ ပြင်ဆင်မှု

ထိုသို့ပိုကောက်နေသည့် အပေါ် ပြည်သူများအနေဖြင့် စိုးရိမ် ပူပန်မှုများရှိနေကြသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး မှု ရေရှည် တိုးတက် ကောင်းမွန်စေရန် တိုးချဲ့ ဆောင်ရွက်ရမည့် လုပ်ငန်း အတွက်လည်းကောင်း၊ မဟာဓာတ်အား လိုင်းစနစ် မှ လျှပ်စစ်မရရှိသေးသည့် ဒေသများ လျှပ်စစ်ရရှိရန် ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းများအတွက် လည်ကောင်း ပြင်ဆင် သတ်မှတ်ရခြင်း ဖြစ်သည် ဟု လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လျှပ်စစ် ကဏ္ဍသည် နှစ်စဉ် ကျပ်ဘီလီယံ ၅၀၀ ကျော် အရှုံးပေါ်နေ ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article