Thursday, January 29, 2026

SSA တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ၀မ့်ဟိုင်းတွင်ကျင်းပ

SSA သျှမ်းပြည်တပ်မတော် တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတရပ် ဧပြီလ ၂၄ ရက် နေ့က SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းတွင် ကျင်းပခဲ့သည် ။

Photo by SHAN- SSA တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ၀မ့်ဟိုင်းတွင်ကျင်းပ

အခမ်းအနားတွင် တပ်သား ကေဒါ စစ်သည်တော်များက စစ်ရေးပြသခဲ့ကြပြီး SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထဲန်မှ မိန့်ခွန်းပြောကြားခဲ့သည်။ ထို့အပြင် အခမ်းအနားတက်ရောက်သည့် ဧည့်သည်တော်များက ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ပြီး နိုင်ငံရေးပါတီများ ၊ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးမှပေးပို့သောသဝဏ်လွှာများကိုဖတ်ကြားခဲ့ကြကြောင်းသိရသည်။

Photo by SHAN- SSA တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ၀မ့်ဟိုင်းတွင်ကျင်းပ

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မိဘပြည်သူများ စုစုပေါင်း ၂၅၀၀ ကျော်တက်ရောက်ခဲ့ကြောင်းသိရပါသည်။

Photo by SHAN- SSA တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ၀မ့်ဟိုင်းတွင်ကျင်းပ

သျှမ်းပြည်တပ်မတော် SSA ကို စဝ်ကွဏ်းဇိဏ်း ခေါင်းဆောင်သည့် SNUF နှင့် လုံးခွန်မဟာ ဦးဆောင် သည့် သျှမ်းပြည်လွတ်လပ်ရေးတပ်မတော် SSIA တို့မှ ၁၉၆၄ ဧပြီလ ၂၄ ရက်၌ စတင်ထူထောင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News