သိန္နီစစ်သား လူငယ်တစ်ဦးကို အကြောင်းမဲ့ စစ်ဖိနပ်ဖြင့်ကန်၊ ရိုက်နှက်

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့ စီးပွားရေးဘဏ်စောင့် စစ်သား မှ ယမန်နေ့ (စက်တင်ဘာ ၂၈)ရက် မနက်ပိုင်းတွင် လူငယ်တစ်ဦးကို အကြောင်းမဲ့ စစ်ဖိနပ်ဖြင့်ကန်ပြီး အကြိမ်ကြိမ်ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့ စီးပွားရေးဘဏ်စောင့် အရက်မူးနေသည့် စစ်သား မှ ဘဏ်ရှေ့တွင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည့် လူငယ်တစ်ဦး၏ ဆိုင်ကို အရက်မူးပြီး ဝင်သွားကာ၊ ဆံပင်ညှပ်ဆိုင်ဖွင့်လှစ်ထားသည့် လူငယ်ကို စစ်ဖိနစ်ဖြင့် နင်းပြီး၊ အကြိမ်ကြိမ်ရိုက်နှက်မှု၊ ပါးချမှုတို့ပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် သိန္နီဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ စစ်သားက အရက်မူးပြီး အဲ့ဆိုင်ကိုဝင်သွားတယ်။ အဲ့ကလေးရဲ့ ခေါင်းကို ထိုးကြိတ်တယ်။ စစ်ဖိနပ်နဲ့ ထပ်ခါထပ်ခါ ပိတ်ကန်နင်းချတယ်။ သူ့နားတွေ ယောင်သွားတယ်။ လမ်းတောင် မလျှောက် နိုင်တော့ဘူး ” ဟု … Continue reading သိန္နီစစ်သား လူငယ်တစ်ဦးကို အကြောင်းမဲ့ စစ်ဖိနပ်ဖြင့်ကန်၊ ရိုက်နှက်