မိုင်းကိုင်မြို့နယ် ကျွဲကျောင်းသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု လွယ်ယွဲ့ကျေးရွာမှာ အသက် (၁၇)နှစ်အရွယ် ကျွဲကျောင်းသားတစ်ဦး မြေမြုပ်မိုင်း နင်းမိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၃)ရက် နေ့လည် (၁၂)နာရီဝန်းကျင်တွင် အသက် (၁၂)နှစ်အရွယ် စိုင်းထွန်းအေးသည် ကျွဲ (၂)ကောင်ဖြင့် လယ်သွားချိန် မြေမြုပ်မိုင်းနင်းမိကာ ကျွဲ (၂)ကောင်နှင့်အတူ စိုင်းထွန်းအေးလည်း သေဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “သူ့ကျွဲကို သွားကျောင်းဖို့အတွက် သွားတဲ့လမ်းမှာ မြေမြုပ်မိုင်း နင်းမိခဲ့တာ။ သူက ကျွဲစီးသွားတာ။ ကျွဲ ၂ ကောင်စလုံး သေတယ်။ သူက ဆေးရုံရောက်မှ ဆုံးသွားတယ်’’ ဟု လွယ်ယွဲ့ဒေသခံတစ်ဦးက ပြောသည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲသည် စက်တင်ဘာလပိုင်းက စတင်လာခဲ့ပြီးနောက် အောက်တိုဘာ (၅)ရက်တွင် … Continue reading မိုင်းကိုင်မြို့နယ် ကျွဲကျောင်းသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး