ကျောက်မဲစစ်ရှောင် စားနပ်ရိက္ခာနှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများသည် စာနပ်ရိက္ခာနှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ် မန်ခါစစ်ရှောင်စခန်းတွင် ကိုဗစ်ကူးစက်ခံရသည့် စစ်ရှောင် (၁၂၄)ဦးထိ ရှိနေပြီး လက်ရှိတွင် အစားအသောက်နှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ “စစ်ရှောင်လာတာ တစ်လကျော်ရှိနေပြီ၊ အများစုက အမျိုးသမီးနဲ့ ကလေးတွေပဲ၊ အမျိုးသမီးသုံးပစ္စည်းတွေလည်း နည်းနည်းပဲရှိတော့တယ်၊ ခုက အေးတဲ့ရာသီ ရောက်တော့မှာဆိုတော့ အနွေးထည်တွေလည်း မရှိကြဘူး၊ တစ်ချို့ဆို အဝတ်အပိုတောင် မပါလာရဘူး၊ ဒီတိုင်းပဲ ရောက်လာကြတာ” ဟု မန်ခါစစ်ရှောင်များကို ကူညီနေသည့် နန်းကိန်ငင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိ စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာ အလွန်နည်းပါးနေပြီဖြစ်ပြီး၊ အစားအသောက်လုံလောက်မှုမရှိတော့ကြောင်း လည်း စစ်ရှောင်ကူညီပေးနေသည “ဒီမှာက အစားအသောက်တွေ အရမ်းနည်းနေပြီ၊ ဆန်နဲ့ ဟင်းအခြောက်တွေ … Continue reading ကျောက်မဲစစ်ရှောင် စားနပ်ရိက္ခာနှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေ