အလုပ်အကိုင်ခေါ်ယူခြင်း

ရာထူးChief Executive Officer (CEO)
နေရာရှမ်းပြည်နယ်၊ တောင်ကြီးမြို့
လျှောက်လွှာပိတ်ရက်စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၀ ပြည့်နှစ်

သျှမ်းသံတော်ဆင့်သတင်းဌာနသည် ၁၉၉၁ ခုနှစ်က ထူထောင်ခဲ့သည့် လွတ်လပ်သော သတင်းဌာနတစ်ခုဖြစ်သည်။

တိကျမှန်ကန်သော စိတ်ချယုံကြည်ရသောသတင်းများ၊ အချက်အလက်များ ထုတ်လုပ်ဖြန့် ဝေခြင်းဖြင့် တိုင်းပြည်အတွင်းရှိ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် အသံများ၊ ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဖြစ်စဉ်များကို ပြည်တွင်းနှင့် နိုင်ငံတကာမှ သိရှိလာစေရန်။

လူထုသည် သတင်းမီဒီယာ၏အရေးပါမှုကို သိရှိနားလည်ပြီး သတင်းမီဒီယာအား ၎င်းတို့၏ အခွင့်အရေးနှင့်အသံကို ထုတ်ဖေါ်အရေးဆိုသည့် နည်းလမ်းကိရိယာတစ်ခုအနေဖြင့် အသုံးပြုလာတတ်စေရန်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ပံ့ပိုးနိုင်ရေးအတွက် မတူကွဲပြားမှုများကို တန်ဖိုးထား ၍ တိုင်းရင်းသားမီဒီယာများ၊ မိတ်ဖက်အဖွဲ့များ၊ ကွန်ရက်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်- ရည်ရွယ်သည်။

အလုပ်တာဝန်

Chief Executive Officer (CEO) သည် သျှမ်းသံတော်ဆင့်သတင်းဌာန၏ လုပ်ငန်းစီမံချက် များနှင့် အဖွဲ့အစည်း၏ လုပ်ငန်းများကို အောက်ပါအတိုင်း ဦးစီးဆောင်ရွက်သွားရမည်ဖြစ် သည်။

အလုပ်အကိုင်နှင့်တာဝန်

  • သျှမ်းသံတော်ဆင့်သတင်းဌာန ၏ လုပ်ငန်းလည်ပတ်မှုအားလုံးအား တာဝန်ယူမှု တာဝန်ခံမှုဖြင့် Management Team နှင့်အတူ လက်တွဲလုပ်ဆောင်ရမည်။
  • သျှမ်းသံတော်ဆင့်သတင်းဌာန သတင်းခန်းအား စီမံခန့်ခွဲရမည်။
  • အဖွဲ့အစည်း၏ Proposal များ ရေးဆွဲပြင်ဆင်၍ အလှူရှင်များထံတင်ပြခြင်း၊ အလှူရှင်အသစ်ရှာဖွေခြင်း၊ အဖွဲ့၏ဘတ်ဂျတ်ရေးဆွဲခြင်း စသဖြင့် စီမံခန့်ခွဲရမည်။
  • အဖွဲ့၏ လုပ်ငန်းစီမံချက်အားလုံးကို သုံးသပ်စိစစ်ရမည်။
  • အဖွဲ့အစည်း၏ ကွန်ရက် ချိတ်ဆက်မှု ခိုင်မာလာစေရန် ၊ မိတ်ဖက်အဖွဲ့အစည်းများ တိုးများလာစေရန်၊ သျှမ်းသံတော်ဆင့်သတင်းဌာန  လူသိများလာစေရန် လုပ်ဆောင်ရမည်။

သတင်းပိုင်းအလုပ်တာဝန်

  • Content Strategy Planning – ကွန်တဲန့်ကောင်းကောင်း ပေါ်ထွန်းလာစေရန်၊ Newsroom သတင်းခန်းကောင်း ဖြစ်ပေါ်လာစေရန်အတွက် စီမံခန့်ခွဲရမည်။
  • ပြည်ထောင်စုအတွင်း သတင်းမီဒီယာအဖွဲ့များ၊ တိုင်းရင်းသားသတင်း မီဒီယာအဖွဲ့များနှင့် ရင်းနှီးမှုရလာစေရန် ဆောင်ရွက်ရမည်။
  • ပြည်ထောင်စုအတွင်း သတင်းမီဒီယာ နှင့် ပတ်သက်၍ ဖလှယ်ခွင့်ရှိအောင် ကြိုးစားရမည်။ ( ဖက်ဒရယ်စနစ်နှင့်အညီ သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်) ။
  • သတင်းမထုတ်ဝေခင် အချက်အလက်များကို စစ်ဆေးရမည်။ (စာလုံးပေါင်း၊ စကားလုံးအသုံးအနှုန်း၊ ပဋိပက္ခဖြစ်နိုင်သည့်စကားလုံး၊ မီဒီယာဥပဒေနှင့် မကိုက်ညီမှု၊
  • သတင်းခန်း အသုံးစရိတ်အတွက် စီမံခန့်ခွဲရမည်။

အရည်အချင်း

  • စီမံခန့်ခွဲမှုဘာသာရပ် သို့မဟုတ် မီဒီယာဘာသာရပ် Communication Art နှင့် ဘွဲ့ရထားသူဖြစ်ရမည်။
  • လုပ်ငန်းစီမံချက်နှင့် အစီရင်ခံစာများကို အင်္ဂလိပ်၊ မြန်မာဘာသာနှင့်  ရေးသားတတ်ရမည်။
  • စီမံခန့်ခွဲမှုအပိုင်းတွင် အနည်းဆုံး ၃ – ၅ နှစ် အတွေ့အကြုံရှိရမည်။
  • သတင်းမီဒီယာ၊ ရုံးလုပ်ငန်း၊ ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ဗဟုသုတရှိရမည်။
  • ရိုးသားရမည်။
  • အားပေးစကားပြောတတ်ရမည်။
  • အများနှင့်ဝင်ထွက်သွားလာတတ်ရမည်။
  • အချိန်စီမံခန့်ခွဲနိုင်စွမ်းရှိရမည်။
  • ပြဿနာဖြေရှင်းနိုင်စွမ်းရှိရမည်။

အခြားခံစားခွင့်

  • နေရာထိုင်ခင်းစီစဉ်ပေးထားမည်။
  • နေ့လည်စာကျွေးမွေးမည်။
  • ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်ရှိမည်။
  • ခရီးထွက်လျှင် ခရီးစရိတ်၊ တည်းခိုစရိတ်နှင့် စားစရိတ် ထုတ်ပေးမည်။

လျှောက်လွှာတင်ခြင်း

သို့ဖြစ်ပါ၍  ပြည်သူ့ အတွက် မှန်ကန်သော သတင်းအချက်အလက်များ ရေးသားဖေါ်ထုတ်ရန် စိတ်ဝင်စားပါက မိမိကိုယ်ရေးအကျဉ်းချုပ် (CV) နှင့် မျှော်မှန်းထားသောလစာ ထည့်သွင်းရေးသားကာ လူကိုယ်တိုင်သော်လည်းကောင်း၊ အီးမေလ်းဖြင့်သော်လည်းကောင်း ပေးပို့လျှောက်ထားနိုင်သည်။

သျှမ်းသံတော်ဆင့်ရုံးလိပ်စာ

 မ/၁၃/၆၀ ၊ မြတ်ရတနာလမ်း၊ ရေအေးကွင်းရပ်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။  

Email: [email protected] ထံ တိုက်ရိုက် လိပ်မူပြီး  [email protected]  , [email protected] သို့ထံ ပူးတွဲပေးပို့ပါရန်။

လျှောက်လွှာကို ဇူလိုင်လ ၂၂ ရက်နေ့ မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။