Saturday, April 20, 2024

CATEGORY

ယဉ်ကျေးမှု

နမ့်ခမ်း TNLA ဦးဆောင်ပြီး တိုက်ပွဲကြား ကျင်းပမည့် သင်္ကြန်ပွဲကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ဦးဆောင်ပြီး တိုက်ပွဲကာလအတွင်း ကျင်းပမည့် သင်္ကြန်ပွဲတော်ကြောင့် ဒေသခံများက လုံခြုံရေး စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ သင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီလ ၁၄ ရက်မှ ၁၇ ရက်အထိ နမ့်ခမ်းမြို့၌ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ...

လင်းခေး ရှင်လောင်းပွဲရောက် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်

ယနေ့ (ဧပြီလ ၃ ရက်)တွင် လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာအုပ်စု၌ ကျင်းပသည့် ရှင်လောင်းပွဲသို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ပြီး ရှင်လောင်းများထံ အလှူငွေ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ၎င်းနောက်တွင် လင်းခေးမြို့နယ်အတွင်း နွေရာသီ သျှမ်းစာပေသင်တန်း ဖွင့်လှစ်သင်ကြားနေသည့် နားကုန်းကျေးရွာသို့...

တိုက်ပွဲပြင်းထန်သည့်ကြား (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အကြီးအကျယ်ကျင်းပ

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တိုက်ပွဲပြင်းထန်သည့်ကြားက အကြီးအကျယ် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၄ ရက်) တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တောင်ကြီးမြို့ ဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီႏဗွေကွင်ꩻ) ၌ အကြီးအကျယ် ကျင်းပခဲ့သည်။ ၎င်းအခမ်းအနားသို့...

လက်နက်သံကြား ပင်လုံမြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်တွင် မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲ ပြုလုပ်ကြောင်း သိရသည်။ သျှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ပင်လုံမြို့တွင် ယနေ့ ‌ဖေဖော်ဝါရီလ ၂၂ ရက်၌ (၃၈) ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်လှူပွဲ ပြုလုပ်နေသည်။ “ဒါတွေက အစကတည်းက စီစဉ်ထားတာပါ။တိုက်ပွဲတွေ အသံတွေ လက်နက်ကြီးသံတွေတော့ မနေ့က ညအသံတွေကြားရတယ်။နှစ်စဥ်လုပ်လာတဲ့ ဆွမ်းဆန်တော်လောင်းလှူပွဲပါ ”‌ဒေသခံ...

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပထမဆုံးအကြိမ် ရဟန်း/လူပုဂ္ဂိုလ် ၇၈ ဦးကို ဘွဲ့ချီးမြှင့်ပေးအပ်

သျှမ်းပြည် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှ ပထမဦးဆုံးအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့ပြီး ရဟန်းသံဃာ/လူပုဂ္ဂိုလ် ၇၈ ဦးကို ဘွဲ့ချီးမြှင့်အပ်နှင်းပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၁ ရက်) မွန်းလွဲ ၁ နာရီမှ စတင်၍ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ် ဘွဲ့နှင်းသဘင်...

စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် ဓနုအမျိုးသားနေ့ကို DPLF ရှုံ့ချ

စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် " ဓနုအမျိုးသားနေ့" ကို ဓနုတိုင်းရင်းသား လူမျိုးတို့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းရတယ်လို့ ဓနုပြည် သူ့လွတ်မြောက်ရေးတပ်ဦး DPLF က သတိပေးထုတ် ပြန်ထားသည်။ ယနေ့ (ဒီဇင်ဘာလ ၂၀) ရက်တွင် ဆဌမကြိမ်မြောက် ကျရောက်သည့် "ဓနုအမျိုးသားနေ့" ကို ဓနုအမျိုးသား အဖွဲ့ချုပ်နှင့်...

စစ်ဘေးရှောင် ရန်ပုံငွေ အတွက် RCSS ဌာနချုပ်တွင် သျှမ်းနှစ်သစ်ကူး ကျင်းပမည်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ် လွိုင်တိုင်းလျန်းတွင် စစ်ဘေးရှောင်ရန်ပုံငွေ အတွက် သျှမ်းနှစ်သစ်ကူး ကျင်းပသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ RCSS/SSA ဌာနချုပ်ဖြစ်သည့် လွိုင်တိုင်းလျန်းတွင် ဒီဇင်ဘာ ၁၂ရက် သျှမ်းနှစ်သစ်ကူးအကြို ပြုလုပ်သွားမည်ဖြစ်ပြီး၊ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေများရှာဖွေကာ လှူဒါန်းသွားမည်ဖြစ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ကျနော်တို့က ပွဲကြီးကြီးမားမားလုပ်မှာ မဟုတ်ပါဘူး။ ဓလေ့ ရိုးရာ...

အဝေရာ မီးပုံးပျံကွင်းတွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ အတွက် အကြို လေ့ကျင့်မှုများ ပြုလုပ်

သျှမ်းပြည် တောင်ကြီးမြို့ရှိ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ (၂၁)ရက်နေ့ ကျင်းပမည့် တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနား‌ေန့တွင် တက်ရောက်လာသူများနှင့် လာရောက်လည်ပတ်သူများကို သျှမ်းပြည် တောင်ပိုင်းအတွင်း နေထိုင်ကြသော တိုင်းရင်းသား အဖွဲ့များမှ ရိုးရာ အကများဖြင့်...

စစ်ကောင်စီ ဦးစီးကျင်းပမည့် တန်ဆောင်တိုင် မသွားရန် တော်လှန်ရေးသမားများ သတိပေး

စစ်ကောင်စီဦးစီး ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင်ကို 1005 Infantry က မသွားရန် သတိပေးလိုက်ကြောင်း စုံစမ်းသိရပါသည်။ သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီ ဦးစီး ကျင်းပမည့် တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံ ပွဲတော်ကို 1005 Infantry က တန်ဆောာင်တိုင်ပွဲတော်ကို မသွားရန် နိုဝင်ဘာလ...

အင်းသားအမျိုးသားနေ့ကို အဌမအကြိမ်မြောက်အဖြစ် ညောင်ရွှေမြို့တွင်ကျင်းပ

သုံးနှစ်တာ ရပ်နားခဲ့ရသည့် အင်းသားအမျိုးသားနေ့ကို ညောင်ရွှေမြို့တွင် နိုဝင်ဘာလ ၁၁ ရက်မှ စတင် ကျင်းပနေပြီး နိုဝင်ဘာလ ၁၃ ရက်တွင် အင်းသားအမျိုးသားနေ့ အခမ်းအနားကျင်းပသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့တွင် နှစ်စဉ်တန်ဆောင်မုန်းလဆန်း တစ်ရက်နေ့ကို အင်းသားအမျိုးသားနေ့အဖြစ်သတ်မှတ်ကာ ဘုံကထိန်များ၊ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ နိုဝင်ဘာလ ၁၂ရက်...

Latest news