Wednesday, April 24, 2024

CATEGORY

စီးပွားရေး

ဆီဆိုင်မြို့သို့ နေရပ်ပြန်စစ်ရှောင်အမျိုးသမီး တစ်ဦးကို PNO သေနတ်ဖြင့်ပစ်သတ်

သျှမ်းပြည် ဆီဆိုင်မြို့သို့ နေရပ်ပြန်သွားသည့် စစ်ရှောင်လင်မယား ၂ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) က သေနတ်ဖြင့် လိုက်ပစ်သဖြင့် အမျိုးသမီးက ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၁၀)ရက် နံနက် ၆ နာရီအချိန်တွင် စစ်ဘေးရှောင် လင်မယားဖြစ်သည့် ဒေါမူနှင့် ဦးယောင်တို့ နှစ်ဦးသည်...

တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေး ဆွေးနွေး

တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁ ရက်)တွင် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ...

သဘာဝဓာတ်ငွေ့ရောင်းရငွေ သုံးစွဲခွင့်မရသော်လည်း စီးပွားရေး တိုးတက်ဟု မင်းအောင်လှိုင် ကြုံးဝါး

နိုင်ငံရေးအရ အနောက်နိုင်ငံများမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာ ပြုလုပ်ခဲ့ သဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းရငွေများ သုံးစွဲ၍ မရသော်လည်း နိုင်ငံ့စီးပွားရေး တိုးတက်အောင် လုပ်နိုင်ခဲ့သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ အခက်အခဲများကြားမှ စီးပွားရေး တိုးတက်အောင်...

စစ်ကောင်စီနှင့် အပေးအယူလုပ်ပြီးနောက် MNDAAက ချင်းရွှေဟော် နယ်စပ်ဂိတ်ပြန်ဖွင့်

သျှမ်းပြည် လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်‌ကောင်စီနှင့် ညီနောင်မဟာမိတ် တို့ အပေးအယူလုပ်ပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၁ ရက်) မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့...

မူဆယ်လဝက မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ်ကို ဈေးအဆမတန်တောင်း၊ ခိုးကြောင်ခိုးဝှက် လုပ်ပေးနေ

သျှမ်းပြည် မူဆယ်ခရိုင်အတွင်းရှိ ဒေသခံများကို လူဝင်မှု ကြီးကြပ်ရေး (လဝက) အရာရှိ မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ် ပြုလုပ်ရန် ဈေးအဆမတန်တောင်းပြီး ခိုးကြောင်ခိုးဝှက် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂ ရက်တွင် မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်တွင် လဝက အရာရှိများက နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်များမကျန်ရှိတော့ဟု အကြောင်းပြကာ...

ရွာငံတွင် ‌ပွဲစားများ ဈေးနှိမ်လို့ ကော်ဖီစိုက်တောင်သူများ အရှုံးဖြင့်ရောင်းနေရ

သျှမ်းပြည် ရွာငံမြို့နယ်တွင် တဆင့်ခံ ပွဲစားများက နိုင်ငံရေးမကောင်းမှုကို အခွင့်ကောင်းယူပြီး စျေးနှိမ်ကာ ကော်ဖီစိုက်တောင်သူများဝယ်ယူနေကြောင်း စုံစမ်းသိရှိရပါသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ်တွင် ယခုအချိန်အခါသည် ကော်ဖီအမှည့်သီးများ ထွက်သည့် ရာသီဖြစ်သည်။ ကော်ဖီစိုက်တောင်သူများသည် ကော်ဖီစက်ရုံများနှင့် တိုက်ရိုက်အဆက်သွယ်မရှိကြသကဲ့သို့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ကော်ဖီစက်ရုံအထိ သွားရောက် မရောင်းနိုင်ဘဲ ပွဲစားများမှ တဆင့်ခံ ရောင်းရသည့်အတွက်...

သျှမ်းမြောက် မြို့နယ် အချို့ဘဏ်များ ငွေသွင်း၊ ငွေလွှဲမရ၊ ထုတ်ငွေသာ ဝန်ဆောင်မှုပေးနေ

သျှမ်းပြည် မြောက်ပိုင်း မြို့နယ်ရှိ အချို့ ဘဏ်များ၌ ငွေသွင်း၊ ငွေလွှဲ မရနိုင်ဘဲ ထုတ်ငွေ တမျိုးတည်းသာ ဝန်ဆောင်မှု ပေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၀) ရက်နေ့၌ မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် နှင့် ကမ္ဘောဇဘဏ် (KBZ) တို့၌ ငွေသွင်း ၊ ငွေလွှဲ ဝန်ဆောင်မှု ရပ်တန့်ကာ ထုတ်ငွေကိုသာ ဝန်ဆောင်မှု ပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အသက် (၄၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။ “ကျမက ဘဏ်မှာ ငွေသွားလွှဲမလို့ပါ ၊ ဒါပေမဲ့ ဘဏ်က ငွေလွှဲ ခဏရပ်ထားတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ သူတို့လည်း သေချာမသိဘူး၊ စစ်ရေးမငြိမ်မသက်ဖြစ်လို့ ဆိုပဲ ဖြေတယ်။ ခန့်မှန်းရသလောက်ဆိုရင်တော့ ဘဏ်ထဲမှာ သူတို့ ပိုက်ဆံ များများ ထည့်ထားချင်ပုံ မရဘူး၊ အဲ့ကြောင့်ထင်တယ်” ဟု အသက် (၄၀)ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိအချိန်တွင် မူဆယ်မြို့နယ်အတွင်း၌ မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်တို့သာ ဖွင့်လှစ်နေလျက်ရှိပြီး CB ဘဏ်က ခေတ္တပိတ်ဆိုင်းထားကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။ အလားတူပင် လားရှိုးမြို့ရှိ ဘဏ်များမှာလည်း ထုတ်ငွေကိုသာ ထုတ်ပေးလျက်ရှိပြီး သွင်းငွေများကို လက်မခံ တော့သည့် အကြောင်း စုံသမ်းသိရသည်။ ထို့အပြင် လက်ရှိအချိန်၌ လားရှိုးမြို့ရှိ ဘဏ်များ တချို့၌ ငွေလွှဲ ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ပေးနေသည့် အကြောင်းအမည်မဖော်လိုသူ လားရှိုးမြို့ ဒေသခံ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လားရှိုးမြို့မှာ ထုတ်ငွေကိုတော့ ကိုယ်ထုတ်ချင်သလောက် ထုတ်ပေးနေကြတယ်။ ဒါပေမဲ့ ငွေသွင်း၊ ငွေလွဲတာ အဲ့လို သူတို့ ငွေကို လက်ခံယူထားတာမျိုးဆိုရင်တော့ မလုပ်ပေးကြတော့ဘူး။ တချို့ဘဏ်တွေလည်း တစ်ရက်ကို အယောက် (၁၀) စာနဲ့ တစ်ယောက်ကို (၁၀) သိန်း အဲ့လို ငွေလွဲလုပ်ပေးတာ ရှိတယ်လို့ ကြားတယ်။ ဒါပေမဲ့ တော်တော်များများကတော့ ထုတ်ငွေပဲ ရကြတယ်” ဟု အမည်မဖော်လိုသူ လားရှိုးမြို့ဒေသခံ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ သျှမ်းပြည်မြောက်ပိုင်း အောက်တိုဘာ ၂၇ ရက်မှ စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်မှုနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းသို့ ငွေလွှဲခြင်း လုံးဝမရတော့ကြောင်း သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နေထိုင်သူ အသက် ၃၀ကျော် ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ ကျနော်တို့ သျှမ်းမြောက်ဘက်ကို ငွေလွှဲလို့မရဘူး။ လွှဲရင်လည်း အရမ်းရစ်တာခံရတယ်။...

စစ်မီးကြားက သွက်လက်နေတဲ့ သျှမ်းတောင် အိမ်ခြံမြေ စျေးကွက်

စစ်အာဏာသိမ်းမှုကို ရက်ပေါင်း ရာနှင့်ချီ တခဲနက် ဆန့်ကျင် ဆန္ဒပြခဲ့သည့် သျှမ်းတောင် တခွင် မြို့ကြီး၊ ရွာကြီးများသည် ယခုအခါ နိုင်ငံ အနှံ့အပြား ဖြစ်ပွားနေသည့် ပဋိပက္ခ ဒေသများမှ ပြောင်းရွှေ့ နေထိုင်လိုသူများ အတွက် ရွေးချယ်စရာ နေရာ တစ်ခု ဖြစ်လာနေသည်။ တောင်ကြီး၊ ကလော၊...

လဲချားမြို့ ဈေးအတွင်းရှိ “ခမ်းလီ”ရွှေဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် လဲချားမြို့ရှိ ဈေးအတွင်း၌ ဖွင့်လှစ်ထားသော "ခမ်းလီ"ရွှေဆိုင်အား အမည်မသိ အမျိုးသားတစ်ဦး၏ သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခြင်းခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်က လဲချားမြို့ ရပ်ကွက်(၁)မှ ဈေးအရှေ့ဘက်တွင် လာရောက်ဖွင့်လှစ်ထားသော “ခမ်းလီ”ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး...

ရွာငံမြို့နယ် လိမ္မော်သီးစျေးကွက် ကျဆင်း တောင်သူများ စားဝတ်နေရေး အခက်အခဲဖြစ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း လိမ္မော်သီးစျေးကွက် ကျဆင်းလာသည့်အတွက် လိမ္မော်စိုက်တောင်သူများ စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ရွာငံမြို့နယ်အတွင်းရှိ လိမ္မော်စိုက်ပျိုးမှု လုပ်ကိုင်ကြသည့် တောင်သူများသည် ယမန်နှစ်က လိမ္မော်သီးဈေးကွက် တစ်ပိဿ ခြောက်ထောင်နှုန်းအထိ ရောင်းခဲ့ကြရပြီး ယခုနှစ်တွင် သုံးထောင်ကျော်မျှသာ ရောင်းရသောကြောင့် တောင်သူများ စားဝတ်နေရေးပါ အခက်ခဲဖြစ်နေကြောင်း...

Latest news