Thursday, April 18, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ် ပူးပေါင်း တော်လှန်‌ရေး တပ်ပေါင်းစုများ နှင့် စစ်ကောင်စီ တို့အကြား ၃ လအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ၆၀ ကျော် သေဆုံး ပြီး ထိ ခိုက်ဒဏ်ရာရှိသူ ၇၈ ဦး အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲ ၃ လအကြာ စစ်ကောင်စီမှ...

အမြင်သဘောထား

- SHAN APP -spot_img

Trending

Shan Radio Online ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ

Stay Connected

842,808FansLike
14,443FollowersFollow
99,100SubscribersSubscribe

လူ့အခွင့်အရေး

နိုင်ငံရေး
Latest

သျှမ်းတောင် တိုက်ပွဲ ၃ လ အတွင်း အရပ်သား ၆၀ ကျော်သေဆုံး

သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ် ပူးပေါင်း တော်လှန်‌ရေး တပ်ပေါင်းစုများ နှင့် စစ်ကောင်စီ တို့အကြား ၃ လအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ၆၀ ကျော် သေဆုံး ပြီး ထိ ခိုက်ဒဏ်ရာရှိသူ ၇၈ ဦး အထိ...

နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်တွင် ဒုချုပ်စိုးဝင်းရေပတ်နေဟု ဓာတ်ပုံဟောင်းသုံးပြီး သတင်းမှားဖြန့်

နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟု ဖြန့်ချိနေပါသည်။ စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Naung Taw Lay အကောင့်မှ “နေပြည်တော်၊ မြို့တော်ဝန် မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း” ဟုဆိုကာ ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး ပြည်သူလူထုကို လှည့်ဖျားမှားယွင်းတင်ဆက်ချက်ဖြင့် ဖြန့်ချိနေ လျက်ရှိသည်။ အဆိုပါသတင်းမှားကို ကြည့်ရှု့သူပေါင်း ၅ ထောင်ကျော်ရှိသည်။ မူရင်းလင့် - https://archive.ph/3mA9z အလားတူ လှုမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ဒရုန်းတိုက်ခိုက်ခံရကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား နေပြည်တော်မဟာသင်္ကြန်မဏ္ဍပ်၌ ကျန်းမာစွာ တွေ့မြင်ရပါသည်ဟု ထပ်မံဖြန့်ချိထားပါသည်။ သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ စစ်ကောင်စီ လော်ဘီဖြန့်ချိသည့် ဓာတ်ပုံ၏အနောက်တွင် မြန်မာသက္ကရာဇ် (၁၃၈၄ ခုနှစ်) ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ယခုကျရောက်သည့် အတာသင်္ကြန်သည် မြန်မာသက္ကရာဇ်အားဖြင့် (၁၃၈၆ ခုနှစ်) သို့ ကူးပြောင်းသောနှစ်ဖြစ်ပါသည်။ ထို့ကြောင့် ဓာတ်ပုံသည် ပုံအဟောင်းကို အသုံးပြုထားခြင်း ဖြစ်သည်။ BBC သတင်းဌာန၏ ဖော်ပြချက်အရ စစ်ကောင်စီ ဒုချုပ်ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တော်လှန်ရေး အင်အားစုများ၏ ဒရုန်းတိုက်ခိုက်ခံမှုကိုခံရပြီးသည့်နောက် သင်္ကြန်ဖွင့်သို့မတက်ရောက်နိုင်သကဲ့သို့ လူမြင်ကွင်းမှ ပျောက်ကွက်နေသည်ဟု ရေးသားဖော်ပြထားပါသည်။ မူရင်းလင့်- https://shorturl.at/ezLOR ယုံကြည်စိတ်ချရသည့် အခြားသတင်းဌာနများတွင်လည်း ဒရုန်းတိုက်ခိုက်ခံရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လှုမြင်ကွင်းမှ ပျောက်ကွက်နေသည်မှာ နှစ်ပတ်နီးပါးရှိပြီဟု ဖော်ပြထားပါသည်။ မဇ္ဓျိမမှဖော်ပြထားသော သတင်းကိုအောက်ကလင့်ကို ကြည့်ပါ။ မူရင်းလင့် - https://shorturl.at/iFMZ3 ထို့ကြောင့် ဓာတ်ပုံအဟောင်းအား လှည့်ဖျားအသုံးပြု၍ နေပြည်တော်၊ မြို့တော်ဝန်မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဆိုသည့် သတင်းမှာ အမှားဖြစ်ပြီး ပြည်သူလူထုကို လှည့်ဖျားနေခြင်းဖြစ်သည်။ သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။ သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

ကျောက်ဂူထဲရောက်တဲ့ စစ်ရှောင်တွေ စားဝတ်နေရေးခက်ခဲမြင်ကွင်း

မဲမှောင်နေတဲ့ ကျောက်ဂူ၊ ကျောက်ဆောင်တွေအောက်မှာ မိုးကာလေးကို အခင်းလုပ်ပြီး စစ်ရှောင်ကလေး၊ သက်ကြီးရွယ်အိုတွေဟာ ထိုင်သူကထိုင်၊ အိပ်သူကအိပ်နဲ့ တွေ့မြင်နေရပါတယ်။ အချို့သူတွေကလည်း ကျောက်ဂူ၊ ကျောက်ဆောင်နံဘေးမှာ မိုးကာအစိမ်းနဲ့ တဲထိုးပြီးနေနေကြပါတယ်။ ဒါ့အပြင် သခင်နဲ့အတူပါလာတဲ့ အိမ်မွေးတိရစ္ဆာန် ကြောင်လေးတွေကလည်း စားရယုံတမယ် အစာစားပြီးတော့ ထပ်စားရဖို့အရေး မျှော်နေပါတယ်။ အဲ့နေရာကတော့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နဲ့ ၄...

နွေအပူထက် “ပြန်စရာအိမ်မရှိ ”ရင်ပူဆွေး နေရသူများ

နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း လေရူးကြောင့် တဝေ့ဝေ့ ကြွေကျနေတယ်။ ဒါပေမဲ့ ဒီနွေအပူထက် ရင်ထဲမှာပူဆွေးနေရသူကတော့ နန်းချို(အမည်လွှဲ)တစ်ဦးပါ။ “တချို့အိမ်ကတွေ ပြိုကျနေ၊ တချို့အိမ်ကျတော့လည်း မီးလောင်နေတယ်။ တချို့အိမ်ကတော့ အိမ်ခေါင်မိုးတွေ ပွင့်ကုန်ပြီ၊ ဘာမှမရှိတော့ဘူး။ မြို့ပျက်ကြီးလိုပဲ ဆီဆိုင်မြို့ဈေးတောင် ပြာကျသွားပြီ ဘာမှမရှိတော့ဘူး”...

နမ့်ခမ်းမြို့ TNLA ကျင်းပသည့် သင်္ကြန်မဏ္ဍပ်စင် အနီး ပေါက်ကွဲမှု ဖြစ်ပွား

သျှမ်းပြည် နမ့်ခမ်းမြို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ TNLA ဦးဆောင်ပြီး မြို့လယ်ဘုရားကြီးပွဲတော်ဝင်း (ပန်ပွဲ)ရှိ ဗဟိုမဏ္ဍပ်ပွဲစင်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌...

မူးယစ်ဆေးဝါး

- SHAN's Official App -spot_img

ပညာရေး

စစ်ရေး

- Podcast & Radio -spot_img

ယဉ်ကျေးမှု

သဘာဝအရင်းအမြစ်
Latest

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ ကျောက်မီးသွေး အလွန်အကျွံ တူးဖော်လျက်ရှိရာ ကျောက်မီးသွေးတွင်းများမှ ထွက်ရှိလာသည့်...

တစ်ပူပေါ် နှစ်ပူဆင့်နဲ့ ကြုံတွေ့နေရသည့် ပင်လောင်းရှိ စစ်ရှောင်များ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ရှောင်များသည် ဆောင်း၀င်ချိန်မှ စတင်ကာ ရေရှားပါးခြင်းဒဏ်ကို ခံစားနေရပြီး ထိုရေသုံးစွဲမှုမှ တဆင့် ကျန်းမာရေးထိခိုက်သူများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတွင် လူဦးရေ (၃၅၀)ကျော်ခန့်ရှိပြီး အခြား နီးစပ်ရာရွာများနင့် ဘုန်းကြီးကျောင်းများတွင်လည်း စစ်ရှောင်ဦးရေ တစ်ထောင့်နှစ်ရာခန့် (၁၂၀၀) ရှိနေပြီ...

ပင်လောင်း ငရုတ်ခင်းပျက်စီးမှုကြောင့် ဒေသခံများ အလုပ်ကိုင်ရှားပါး

သျှမ်းပြည် ပင်လောင်းမြောက်ဖက်တွင် ငရုတ်ပင်စိုက်ပျိုးသည့် ဒေသခံများ ငရုတ်ပင်ပျက်စီးမှုကြောင့် စားဝတ်နေရေးခက်ခဲလာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြောက်ဖက် ဒေသခံများဟာ ငရုတ်သီးပင်များ ရာသီဥတု မညီမျှမှု နှင့်မြေဆီလွှာပြဿနာ ရှိမှုကြောင့် သေကုန်ပြီး အထွက်နှုန်းလျော့ကြကာ ဝင်ငွေများနည်းပါးလာကြပြီး စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြသည်။ ထို့အပြင် အလုပ်ကိုင်များရှားပါးလာသောကြောင့် တခြားဒေသဖက်တွင် နေစားအလုပ်သမားအဖြစ်သွားရောက်လုပ်ကိုင်နေရကြောင်း ပင်လောင်းဒေသခံများပြေပြချက်အရသိရသည်။ "အပင်သေကုန်တာတော့ အဓိကတော့ မြေပေါ့၊...

ပြောင်းချိုးသူမရှိ ပြောင်းခင်းပိုင်ရှင် အခက်အခဲကြုံ

သျှမ်းပြည် တောင်ပိုင်းတွင် ပြောင်းချိုးသူများမရှိသဖြင့် ပြောင်းခင်းပိုင်ရှင်များ အခက်အခဲများဖြစ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ပြီးခဲ့သည့်နှစ်တွင်မိုးများ၍ နေရာဒေသအချိုးတွင် ပြောင်းအစိုများနေပြီး ပြောင်းချိုးသူများလည်း ရှားပါးနေသောကြောင့် ပြောင်းခင်းပိုင်ရှင်လည်း စိုးရိမ်မှုများရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ပြောသည်။ “ကျနော်တို့ ရောင်းတဲ့လူတွေကြတော့ ဈေးတက်ဖို့မျှော်လင့်ရတာပေါ့။အဲ့တိုင်းခြုံထဲမှာ အကြာကြီး ထားရတာ အဆင်မပြေဘူးလေ။ တချို့အပင်တွေဆိုမြေနဲ့ထိပြီး အညှောင်တောင် ထွက်ပြီးလေ...

ကျန်းမာရေး

- SHAN's Official App -spot_img

ကျန်းမာရေး