ကျောက်မဲ စစ်ရှောင် (၁၀၀၀)ဝန်းကျင် စားနပ်ရိက္ခာ ပြတ်လပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိခိုလှုံနေသည့် စစ်ရှောင် (၁၀၀၀)ဝန်ကျင် အတွက် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း သတင်းသိရသည်။ ကျောက်မဲတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ပြည်သူ (၁၀၀၀)ဝန်းကျင်ခန့် ကျန်ရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာနှင့် ထင်းများ လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။ “ခုက စားနပ်ရိက္ခာတွေ ကုန်နေပြီ၊ ထင်းတွေ၊ ဆီတွေလည်း ကုန်သလောက်ဖြစ်နေပြီ၊ စစ်ရှောင်တွေကလည်း နေရပ်မပြန်နိုင်သေးဘူး၊ စစ်ရှောင်စခန်း တော်တော်များများ ခက်ခဲနေကြပြီ၊ အရင်ကတည်းက ရှိတဲ့ စစ်ရှောင်တွေရော၊ ဒီနောက်ပိုင်းမှ ရောက်လာတဲ့သူတွေရော ဟင်းတွေ ဆီတွေက မလုံလောက်တော့ဘူး” ဟု ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကျောက်မဲနှင့် သီပေါကြားတွင် ပြီးခဲသည့် ဇန်နဝါရီလက တိုင်းရင်းသားလက်နက်ကိုင်တပ် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရာချီ … Continue reading ကျောက်မဲ စစ်ရှောင် (၁၀၀၀)ဝန်းကျင် စားနပ်ရိက္ခာ ပြတ်လပ်နေ