ကျောက်မဲမြို့ နေအိမ်များထံ စစ်ကောင်စီ လိုက်လံ စစ်ဆေးနေ

သျှမ်းမြောက် ကျောက်မဲမြို့ နေအိမ်များနှင့် လမ်းသွား၊ လမ်းလာသူများကို စစ်ကောင်စီမှ လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ မှ ကျောက်မဲမြို့တွင်း လမ်းများအပြင် ရပ်ကွက်အတွင်းရှိ နေအိမ်တချို့ကိုလည်း ဝင်ရောက်စစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ “စစ်ဆေးတာတွေ ရှိတယ်၊ ၂ ကွက်နဲ့ ၇ ကွက်တွေမှာစစ်တယ်၊ မြို့ပြင် တိုးဂိတ် ပန်ဟုတ်ဘက်တွေမှာ မနေ့ကရော ဒီနေ့ရော ပစ်ခတ်တာတွေ ရှိတယ်၊ မြို့ထဲကနေလည်း ကြားနေရတာပဲ၊ အဲ့ဒါကြောင့် စစ်ဆေးနေတာလား၊ တခြားကြောင့်လားတော့ သေချာ မသိဘူး” ဟု ဒေသခံ အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ … Continue reading ကျောက်မဲမြို့ နေအိမ်များထံ စစ်ကောင်စီ လိုက်လံ စစ်ဆေးနေ