မိုင်းကိုင်စစ်​ရှောင် ၃၀၀ ကျော် နေရပ်မပြန်ရဲသေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ နယ် ပန်ကေတု ကျေးရွာအုပ်စုထဲတွင် လာရောက်ခိုးလှုံနေသည့် စစ်ဘေးရှောင်  ၃၀၀ ကျော်က နေရပ်ကို မပြန်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၀)တွင် တိုက်ပွဲအသံငြိမ်နေသည့် ကျေးရွာမှ စစ်ဘေးရှောင် (၁၀၅) ဦး နေရပ် ပြန်သွားခဲ့ကြသော်လည်း ကုန်လျန်းကျေးရွာ ဒေသခံ ၃၂၇ ဦးက နယ်မြေ ငြိမ်းချမ်းမှု မရှိသေးသည့်အတွက် ကြောင့် မပြန်ရဲသေးကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။ “ တချို့ကတော့ ပြန်သွားပြီ။  အခုက ကုန်လျန်ကျေးရွာကလူတွေ ကျန်နေသေးတယ်။ မပြန်ရဲကြသေးဘူး။ အဲနားမှာ တိုက်ပွဲပြင်းထန်းနေသေးတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူက ပြောသည်။ နေရပ်ပြန်သွားသည့် စစ်ရှောင်များသည်လည်း လက်ရှိမှာ စိုးရိမ်ထိတ်လန့်မှုဖြင့်သာ ပြန်သွားရသဖြင့် လုံခြုံစိတ်ချမှု မရှိသေးကြောင်း … Continue reading မိုင်းကိုင်စစ်​ရှောင် ၃၀၀ ကျော် နေရပ်မပြန်ရဲသေး