တာချီလိတ်မြို့ ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး အထိုးခံ လိုက်ရသည့် ရဲတပ်ကြပ်အဆင့်ရှိသူက ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း စုံစမ်းသိ ရှိရသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီကျော်ဝန်းကျင်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် လုံခြုံရေး အစောင့်တာဝန်ကျသည့် ရဲတပ်ကြပ်တစ်ဦးကို အမည်မသိ အမျိုးသားတစ်ဦးမှ ဓားဖြင့် ဝင်ရောက်ထိုးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ ၁၀ နာရီကျော်မှာဖြစ်သွားတာပါ၊ ရှမ်းရိုးမကုန်တိုက်နားက မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ ရဲတပ်ကြပ်ကို ဓားနဲ့ဝင်ထိုးတာ၊ အစက သတ်ပုတ်ကြမလို့ ဖြစ်သေးတယ်လည်း ကြားမိတယ်၊ အခု အထိုးခံရတဲ့ သူက ဒဏ်ရာပြင်းတော့ ဆေးရုံမှာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတယ်လို့လည်း ကြားတယ်” ဟု … Continue reading တာချီလိတ်မြို့ ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရ